Xiaomi က Snapdragon 8s Gen 3 Chipset ပါတဲ့ Redmi Note 13 Turbo ကို တရုတ်မှာ ကြေညာတော့မှာပါ။ အဲဒီဖုန်းကို နိုင်ငံတကာမှာ Poco F6 အမည်နဲ့ ကြေညာမယ်လို့ သတင်းထွက်နေပါတယ်။ အခုတော့ အဲဒီဖုန်းရဲ့ ဓါတ်ပုံတချို့ ပေါက်ကြားထွက်ပေါ်လာပါတယ်။
Redmi Brand ရဲ့ အထွေထွေ မန်နေဂျာ Thomas Wang က ဖုန်း အသစ် ၁ လုံးကို ပြသလိုက်ပြီး ဖုန်း အရှေ့ပိုင်းဟာ စွဲဆောင်မှု ကောင်းတယ်လို့ ပြောပါတယ်။ အဲဒီဖုန်းဟာ Redmi Note 13 Turbo ဖြစ်နိုင်ပါတယ်။
အဲဒီဖုန်းရဲ့ ဗီဒီယို အတို ၁ ခုကို လူမှုကွန်ရက်မှာ တင်ထားပါတယ်။ ပြားချပ်တဲ့ မျက်နှာပြင် တပ်ဆင်ထားပြီး ဆဲလ်ဖီး ကင်မရာအတွက် Punch Hole ၁ ခုထဲ ပါပါတယ်။ ပါဝါခလုတ်က အနည်းငယ် ငေါထွက်နေပြီး OLED မျက်နှာပြင် ပါလာနိုင်ပါတယ်။ လက်ဗွေရာ ကိရိယာကို မျက်နှာပြင်အောက်မှာ ထည့်သွင်းထားနိုင်ပါတယ်။
Snapdragon 8s ဟာ ဒုတိယနဲ့ တတိယ မျိုးဆက် Snapdragon 8 Chip အကြားမှာ ရှိပြီး 3GHz Prime Cortex-X4 Core ၁ လုံးပါလာမှာပါ။ ပေါက်ကြားသတင်းတွေ မှန်မယ်ဆိုရင် Note 13 Turbo မှာ အဲဒီ SoC ပါလာမှာဖြစ်ပြီး စွမ်းရည်သင့် ဖုန်းတွေထဲမှာ စွမ်းရည်မြင့် Chipset ပါတဲ့ ပထမဆုံး ဖုန်း ဖြစ်လာနိုင်ပါတယ်။
Ref : gsmarena