Unicode

Xiaomi ဟာ လက်ရှိအချိန်မှာ Megapixels အများဆုံး Camera Sensor ဖြစ်တဲ့ 108MP Sensor ကို Xiaomi Mi Note 10 နဲ့ Mi CC9 Pro ဖုန်းတွေမှာ အသုံးပြုနေတာဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ 64MP Sensor ကိုလည်း Redmi Note 8 Pro ဖုန်းမှာအသုံးပြုထားပြီး Mid Range ဖုန်းတွေမှာပါ Megapixels များပြားတဲ့ Camera Setup ကို စတင်လိုက်တာဖြစ်ပါတယ်။

အခုနောက်ဆုံးအနေနဲ့ စမတ်ဖုန်းတွေရဲ့ Camera ပိုင်းစွမ်းဆောင်ရည်ကို တိုင်းတာတဲ့ DxOMark ကနေ Redmi Note 8 Pro ရဲ့ ရမှတ်ကို ထုတ်ပြန်ခဲ့ပြီး 64MP Primary Sensor ပါဝင်တယ်ဆိုပေမယ့် လုံးဝ အားရစရာမကောင်းခဲ့ပါဘူး။ ဘယ်လောက်တောင်ဆိုးသလဲဆိုရင် Total Score မှာ ၈၄ မှတ်ပဲ ရရှိခဲ့တာဖြစ်ပြီး မနှစ်တုန်းက Samsung ရဲ့ Mid Range ဖုန်းဖြစ်တဲ့ Galaxy A50 ရဲ့ Total Score ၈၅ မှတ်ထက်တောင် ပိုနည်းနေတာပါ။ ဒါတင်မဟုတ်သေးဘဲ iPhone 7 Plus လိုမျိုး ဖုန်းတွေထက်လည်း အားနည်းနေပါသေးတယ်။

Redmi Note 8 Pro ဟာ Processor ပိုင်းအနေနဲ့ MediaTek ရဲ့ Helio G90T Gaming Processor ကို အသုံးပြုထားပြီးတော့ စွမ်းဆောင်ရည်ပိုင်းမှာတော့ တော်တော်လေးကို မဆိုးဘူးလို့ ပြောလို့ရပါတယ်။ Camera ပိုင်းမှာလည်း Specs အရတော့ 64MP f1.9 Primary Sensor ၊ 8MP Ultrawide ၊ 2MP Macro နဲ့ 2MP Depth Sensor တွေပါဝင်တဲ့ Quad Camera Setup ကို အသုံးပြုထားတာဖြစ်ပါတယ်။

ဒါပေမယ့် Redmi Note 8 Pro ဟာ DxOMark Photo Score မှာ ၈၇ မှတ် နဲ့ Video Score မှာ ၇၈ မှတ် အသီးသီးရရှိခဲ့တာဖြစ်ပြီး တခြားသော Mid Range ဖုန်းတွေထက် အားနည်းနေပြန်ပါတယ်။ DxOMark ရဲ့ ပြောကြားချက်အရတော့ High Megapixel Camera ဖြစ်ပေမယ့် Details ပိုင်းတွေမှာ အားနည်းနေသလို Dynamic Range ကလည်း ကန့်သတ်ခံထားရတယ်လို့ သိရပါတယ်။ ဒါတင်မဟုတ်သေးဘဲ Telephoto Lens မပါဝင်တဲ့အတွက် Zoom Photo တွေမှာ Details အားနည်းသလို Ultrawide ပုံတွေကလည်း Dynamic Range ပိုင်းအားနည်းနေတယ်လို့ ပြောကြားခဲ့တာပါ။

ဘာပဲဖြစ်ဖြစ် Redmi Note 8 Pro ကို 64MP Camera Sensor ပါတယ်ဆိုပြီး ဝယ်ယူမယ့်သူတွေအတွက်ကတော့ ဒီသတင်းက ထည့်ပြီး စဥ်းစားစရာပါ။

Ref – Gizmo China

Zawgyi






Ref – Gizmo China