Xiaomi ကုမ္ပဏီဟာ သူတို့ရဲ့ နိုင်ငံတကာမီဒီယာချန်နယ်တွေမှာ Redmi Note 9 စီးရီးကို ကြေညာမိတ်ဆက်မယ့် ရက်စွဲအား ဖော်ပြလာခဲ့ပါပြီ။ ရက်စွဲက ဧပြီ ၃၀ ရက်နေ့ဖြစ်ပြီး Launch Event ကတော့ အွန်လိုင်းကနေပဲ ကျင်းပသွားမှာပါ။

ကြေညာတဲ့ထဲမှာ ဘယ်ဟန်းဆက်တွေကိုတွေ့ရမယ်လို့တော့ မဖော်ပြထားဘဲ Redmi Note 9 စီးရီးလို့ပဲ ပြောထားပါတယ်။ လက်ရှိမှာ ကုမ္ပဏီဟာ Redmi Note 9 Pro နဲ့ Note 9 Pro Max ဟန်းဆက်တွေကို အချို့ဈေးကွက်တွေမှာရောင်းချနေပြီး ဂလိုဘယ်ဈေးကွက်မှာတော့ Redmi Note 9 Pro နဲ့ တူညီတဲ့ Redmi Note 9S ကို ရောင်းချနေပါတယ်။

ဒါ့ကြောင့် Redmi Note 9 Pro Max နဲ့တူညီတဲ့ ဟန်းဆက်ကို ဂလိုဘယ်ဈေးကွက်မှာ မမြင်ရသေးဘဲ လာမယ့် ၃၀ ရက်နေ့မှာ မိတ်ဆက်မှာ သူဖြစ်နိုင်ပါတယ်။ Redmi 10X ပါဝင်မယ်လို့လည်း မျှော်လင့်ရပြီး Redmi 10X ဟာ Xiaomi ရဲ့ မကြာခင်မိတ်ဆက်လာမယ့် Mid-range ဟန်းဆက်ဖြစ်ကာ ဂလိုဘယ်ဈေးကွက်မှာ Redmi Note 9 အဖြစ် မြင်ရနိုင်ပါတယ်။

ကြေညာချက်ထဲမှာ “အခြားထုတ်ကုန်ကောင်းများ” လို့လည်း ပါတဲ့အတွက် စမတ်ဖုန်းတွေအပြင် အခြား နည်းပညာထုတ်ကုန်တွေကိုလည်း မိတ်ဆက်လာနိုင်ပါတယ်။

Ref – GSM Arena