Xiaomi ဟာ တရုတ်မှာ RedmiBook 14 Ryzen Edition ကို ရောင်းပေးလိုက်ပါတယ်။ ၂၀၁၉ အောက်တိုဘာလမှာ ကြေညာထားတာ ဖြစ်ပြီး စွမ်းရည်မြင့် ဟာ့ဒ်ဝဲတွေပါတဲ့ ဈေးချိုတဲ့ လက်ပ်တော့လို့ နာမည်ကြီးပါတယ်။ အခုတော့ Jingdong မှာ ကြိုတင်မှာယူခွင့်ပေးလိုက်ပြီး ၉ ရက်နေ့မှာ ရောင်းမှာပါ။

Intel Core Processor  ပါတဲ့ RedmiBook 14 ကို မေလမှာ ‌ရောင်းပေးခဲ့ပြီး Ryzen Edition မှာ ၁၄ လက်မ မျက်နှာပြင်ကို ဆက်သုံးထားသလို မျက်နှာပြင် အချိုးက ၈၁.၂ ရာခိုင်နှုန်းရှိပါတယ်။ Dolby DTS Audio ထည့်သွင်းထားတာလည်း တူညီကြပါတယ်။

RedmiBook 14 Ryzen Edition အတွက် Processor ၂ မျိုး ထည့်သွင်းထားပါတယ်။ တချို့မော်ဒယ်တွေမှာ AMD Ryzen 5 3500U Processor နဲ့ တချို့မှာ AMD Ryzen 7 3700U Processor ပါလာပါတယ်။ မော်ဒယ်အားလုံးမှာ 8/16GB RAM နဲ့ 512GB Storage တွေ ရွေးချယ်နိုင်ပါတယ်။

Xiaomi က အဲဒီ လက်ပ်တော့တွေမှာ Cross-brand File Transfer လုပ်ဆောင်ချက် အသစ်ပါလာမယ်လို့ ပြီးခဲ့တဲ့ ရက်ပိုင်းက ပြောခဲ့ပါတယ်။ အဲဒီလုပ်ဆောင်ချက်ကို Xiaomi , OPPO နဲ့ Vivo တို့က ဒီနှစ် အစောပိုင်းမှာ ကြေညာခဲ့ပြီး အဲဒီ ကုမ္ပဏီတွေရဲ့ Devices တွေကြားမှာ ဖိုင်တွေ လျှင်လျှင်မြန်မြန်နဲ့ ပေးပို့နိုင်မှာပါ။ ဖိုင်အရွယ်အစား ကန့်သတ်ချက် မရှိဘဲ လက်ပ်တော့နဲ့ ဖုန်းတွေကြားမှာ ဓါတ်ပုံ ၁ ထောင်ကျော်နဲ့ HD ဗီဒီယိုတွေကို မျက်စိတစ်မှိတ်အတွင်း ပေးပို့နိုင်မှာပါ။

RedmiBook 14 AMD Ryzen 5 8/512GB ကို ၃,၂၉၉ ယွမ်နဲ့ စွမ်းရည်မြင့် AMD Ryzen 7 16/512GB ကို ၃,၉၉၉ ယွမ် သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၆ သိန်း ၅ သောင်းနဲ့ ၇ သိန်း ၉ သောင်းလောက် အသီးသီး ရှိပါတယ်။

Ref : gizmochina