Xiaomi က ၂၀၂၄ ခုနှစ် ကွာတား ၄ နဲ့ တစ်နှစ်လုံးအတွက် ဝင်ငွေကို ကြေညာလိုက်ပါတယ်။ ဝင်ငွေ ယွမ် ၃၆၅.၉ ဘီလီယမ် (ဒေါ်လာ ၅၀.၅ ဘီလီယမ်) ရခဲ့ပြီး စံချိန်တင်နိုင်ခဲ့ပါတယ်။ စမတ်ဖုန်း၊ လျှပ်စစ်ကား၊ IoT နဲ့ အင်တာနက် ဝန်ဆောင်မှု အားလုံးမှာ ရောင်းအားကောင်းတဲ့အတွက် အရင်နှစ်ကထက် ဝင်ငွေ ၃၅ ရာခိုင်နှုန်း တိုးတက်လာပါတယ်။

စမတ်ဖုန်း လုပ်ငန်းကနေ ဝင်ငွေ ယွမ် ၁၉၁.၈ ဘီလီယမ် (ဒေါ်လာ ၂၆.၅ ဘီလီယမ်) ရခဲ့ပြီး ဝင်ငွေ အားလုံးရဲ့ ၅၂ ရာခိုင်နှုန်း ဖြစ်ပါတယ်။ Xiaomi ဟာ ၂၀၂၄ ခုနှစ်မှာ စမတ်ဖုန်း အလုံးရေ ၁၆၉ သန်း ရောင်းချနိုင်ခဲ့ပြီး နိုင်ငံ ၅၆ ခုမှာ ရောင်းအားအကောင်းဆုံး ကုမ္ပဏီ ၃ ခုထဲပါခဲ့ပါတယ်။ နိုင်ငံ ၁၃ ခုမှာ ရောင်းအားအကောင်းဆုံး ကုမ္ပဏီ ၅ ခုထဲ ပါပါတယ်။

တစ်ကမ္ဘာလုံးမှာ Xiaomi Ecosystem ကို လစဉ် သုံးစွဲသူ သန်း ၇၀၀ ရှိပြီး သန်း ၁၇၀ က တရုတ်က ဖြစ်ပါတယ်။ စမတ်ဖုန်း ၊ စမတ်နေအိမ် ကိရိယာ၊ Wearable နဲ့ EV သုံးသူအားလုံး ပါဝင်ပါတယ်။
Xiaomi လျှပ်စစ်ကားတွေဟာ ကွာတားတိုင်းမှာ ရောင်းအားပိုကောင်းနေပြီး ၂၀၂၄ ခုနှစ်မှာ အစီးရေ ၁၃၆,၈၅၄ စီး ရောင်းချနိုင်ခဲ့ပါတယ်။ စုစုပေါင်း ကားအစီးရေ ၂၀၀,၀၀၀ ကျော် ရောင်းချထားပါတယ်။ ၂၀၂၅ ခုနှစ်မှာ အစီးရေ ၃၅၀,၀၀၀ ရောင်းချနိုင်မယ်လို့ ရည်မှန်းထားပါတယ်။
Ref: gsmarena
 
											
				 
									 
				 
				 
				 
				 
				 
				 
				 
				 
				 
				 
				