စမတ်ဖုန်းတွေဟာ စွမ်းရည်မြင့်သထက် မြင့်လာကြပြီ ဖြစ်ပြီး ကုမ္ပဏီတွေဟာ ဖုန်းတွေမှာ Memory တွေကို များနိုင်သလောက်များအောင် ထည့်သွင်းလာကြပါတယ်။ 12GB RAM ပါတဲ့ စမတ်ဖုန်းတွေကို မြင်ခဲ့ကြရပြီးပါပြီ။ အခုတော့ 16GB RAM ပါတဲ့ ဖုန်းကို Xiaomi ထုတ်လုပ်ရောင်းချမယ်လို့ သတင်းထွက်လာပြီး လက်ရှိမှာ အဲဒီဖုန်းရဲ့ တခြား သတင်းအချက်အလက်တွေကို မသိရသေးပါဘူး။
16GB RAM ပါမယ့် Xiaomi ဖုန်း နာမည်ကို မသိရသေးပေမယ့် Mi MIX Series ဖြစ်နိုင်ပါတယ်။ နောက်ထွက်မယ့် Mi MIX စမတ်ဖုန်း ဒီဇိုင်းဟာ Mi MIX Alpha နဲ့ တူညီမှာ ဖြစ်ပြီး 5G ဆက်သွယ်မှု ထောက်ပံ့တဲ့ Qualcomm Snapdragon 865 Chipset မောင်းနှင်ထားမယ်လို့ ထင်ရပါတယ်။ အဲဒီ စမတ်ဖုန်းကို လက်ရှိမှာ စတင် ထုတ်လုပ်နေပြီလို့ သိရပါတယ်။
Xiaomi ရဲ့ Marketing ဌာနက အထွေထွေ မန်နေဂျာ Xiao Zang က Mi MIX Alpha အတွက် Snapdragon 865 Version ထွက်လာမှာ မဟုတ်ဘူးလို့ မကြာခင်ကပဲ တရုတ် လူမှုကွန်ရက် ဝီဘိုကနေ သတင်းပေးလိုက်ပါတယ်။ အဲဒီအတွက် နောက်ထွက်မယ့် Mi MIX ဖုန်းဟာ မော်ဒယ် အသစ် ဖြစ်လာမှာပါ။
လက်ရှိမှာ ဒီသတင်းတွေကို ကုမ္ပဏီက တရားဝင် ပြောကြားတာ မဟုတ်သေးဘဲ ခန့်မှန်းပြောဆိုနေကြတာ ဖြစ်ပါတယ်။ Xiaomi ကသာ 16GB RAM ဖုန်းကို တကယ် ထုတ်လုပ်ရောင်းချမယ်ဆိုရင် လာမယ့် ရက်သတ္တပတ် အနည်းငယ်အတွင်းမှာ အဲဒီ ဖုန်းရဲ့ သတင်းအချက်အလက်တွေကို ပိုမို သိလာရတော့မှာပါ။ Xiaomi ထက်စောပြီး Nubia က 16GB RAM ပါတဲ့ Red Magic 5G ကို ရောင်းချပေးထားပြီးပါပြီ။
Ref : gizmochina