Xiaomi ဟာ ၂၀၂၄ ခုနှစ် နိုဝင်ဘာလမှာ Redmi K80 Series ကို ရောင်းချခဲ့ပြီး Pro Version ဟာ Snapdragon 8 Elite Chipset ပါတဲ့ ပထမဆုံးဖုန်းတွေထဲက တစ်လုံး ဖြစ်ပါတယ်။ Xiaomi က ရက် ၁၀၀ အတွင်း Redmi K80 ဖုန်း အလုံးပေါင်း ၃.၆ သန်း ရောင်းချနိုင်ခဲ့တယ်လို့ ကြေညာလိုက်ပါတယ်။
Redmi K80 Series ထဲမှာ K80, K80 Pro နဲ့ K80 Pro Automobili Lamborghini Squadra Corse Special Edition တို့ ပါဝင်ပါတယ်။
Xiaomi ဟာ 6,500mAh Battery , Dimensity 9400+ Chipset ပါတဲ့ Redmi K80 Ultra နဲ့ Snapdragon 8s Elite ပါတဲ့ Redmi K80 Gaming စတဲ့ စမတ်ဖုန်း အသစ်နှစ်လုံးကိုလည်း ကြေညာမယ်လို့ သတင်းထွက်နေပါတယ်။
အဲဒီ Chipset ၂ ခုစလုံးကို မကြေညာရသေးပေမယ့် MediaTek ဟာ ဧပြီလမှာ အဲဒီ စွမ်းရည်မြင့် Chipset ကို ကြေညာနိုင်ပါတယ်။ အဲဒီနောက် ရက်ပိုင်းအနည်းငယ်အတွင်းမှာ Redmi က အဲဒီဖုန်းကို ကြေညာမှာ ဖြစ်ပါတယ်။
အခုရောင်းချရတဲ့ ဖုန်း ၃.၆ သန်းဟာ တရုတ်မှာ ဖြစ်ပြီး နိုင်ငံတကာကို မရောင်းချရသေးပါဘူး။ Redmi K80 ဖုန်းတွေကို နိုင်ငံတကာမှာ Poco F7 အမည်နဲ့ ရောင်းချနိုင်ပါတယ်။
Ref : gsmarena