Xiaomi က ၂၀၁၄ ခုနှစ်ကစတင်ကာ အိန္ဒိယမှာ Redmi Note ဖုန်း ၇၂ သန်းရောင်းချထားပြီးပြီလို့ အတည်ပြုလိုက်ပြီး ၁ ရက်အကြာမှာ နောက်ထပ် အောင်မြင်တဲ့ သမိုင်းမှတ်တိုင် ၁ ခုကို ကြေညာလိုက်ပါတယ်။ အဲဒါကတော့ Xiaomi ဟာ တစ်ကမ္ဘာလုံးမှာ Redmi Note ဖုန်း သန်း ၃၀၀ ကျော် ရောင်းချထားနိုင်တာပါ။ ၂၀၂၁ ခုနှစ် အောက်တိုဘာလမှာ ထုတ်ပြန်တဲ့ စာရင်းအရ တစ်ကမ္ဘာလုံးမှာ Redmi Note ဖုန်း သန်း ၂၄၀ ရောင်းချထားနိုင်ခဲ့တာ ဖြစ်ပြီး ဒီနှစ်မှာ သန်း ၆၀ ပိုမိုများပြားလာတာ ဖြစ်ပါတယ်။

Another milestone for the Redmi Note series - 300 million units sold globally

Redmi Note Series စမတ်ဖုန်းတွေဟာ ပြီးခဲ့တဲ့ ၈ နှစ်အတွင်း စမတ်ဖုန်း ကမ္ဘာမှာ ရောင်းအားအကောင်းဆုံး Series တွေထဲက ၁ ခု ဖြစ်ပြီး Xiaomi ကို ကမ္ဘာ့ စမတ်ဖုန်း ရောင်းအားမှာ နံပါတ် ၃ နေရာကို ပို့ဆောင်ပေးခဲ့ပါတယ်။ အိန္ဒိယဟာ Xiaomi ရဲ့ အကြီးမားဆုံး ဈေးကွက် ဖြစ်ပြီး နှစ်များစွာကြာ အိန္ဒိယရဲ့ ရောင်းအား အကောင်းဆုံး စမတ်ဖုန်း ကုမ္ပဏီ အဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။ ဒီလို အောင်မြင်ရခြင်းမှာ Xiaomi ဟာ အိန္ဒိယမှာ Mi စတိုးနဲ့ Service စင်တာပေါင်း ၃,၀၀၀ ကျော် ဖွင့်လှစ်ထားနိုင်လို့ ဖြစ်ပါတယ်။

Xiaomi celebrates a new milestone: 300 million Redmi Notes worldwide! - GizChina.it

Xiaomi ဟာ တရုတ်၊ အိန္ဒိယနဲ့ ဥရောပမှာ အွန်လိုင်းနဲ့ မြေပြင်စတိုး ကွန်ရက်ကို တောက်လျှောက် တိုးချဲ့နေပြီး တစ်ကမ္ဘာလုံးမှာ Mi စတိုး အသစ်တွေကို ဆက်လက် ဖွင့်လှစ်သွားမယ်လို့ ထင်ရပါတယ်။

Ref : gsmarena