Xiaomi ကနေ ပြီးခဲ့တဲ့နှစ်အတွင်း ဥရောပမှာ Offline Mi Store တွေကို စတင်ဖွင့်လှစ်ခဲ့ပြီးတော့ စစခြင်းမှာ ရောင်းအားတွေလည်း တော်တော်လေးကိုကောင်းနေတာဖြစ်ပါတယ်။ ဒါပေမယ့်အခုအချိန်မှာတော့ UK မှာရှိတဲ့ ပထမဆုံးနဲ့ တစ်ခုတည်းသော Mi Store ကို ပိတ်သိမ်းလိုက်ပြီဖြစ်ပါတယ်။

အဆိုပါ Xiaomi ရဲ့ Mi Store ကတော့ UK ၊ London က Sheperd’s Bush မှာရှိတဲ့ Westfield Shopping Center အတွင်းမှာ တည်ရှိတာဖြစ်ပြီး ပြီးခဲ့တဲ့ မတ်လ ၅ ရက်နေ့မှာ တရားဝင်ပိတ်သိမ်းလိုက်တာဖြစ်တယ်လို့ သိရပါတယ်။

ဒါပေမယ့်လည်း Xiaomi ကတော့ ဘာကြောင့် ဒီလိုမျိုး Mi Store ကို ပိတ်သိမ်းလိုက်သလဲဆိုတာကို ပြောကြားခြင်းမရှိခဲ့ဘဲ Xiaomi Product တွေကို ဝယ်ယူချင်တယ်ဆိုရင် mi.com/uk Website ကနေပဲ ဝယ်ယူနိုင်မှာဖြစ်တယ်လို့ ပြောကြားသွားခဲ့ပါတယ်။ ဒါတင်မဟုတ်ဘဲ နောက်ထပ်မိတ်ဆက်သွားမယ့် Product အသစ်တွေကိုလည်း အဆိုပါ Website မှာပဲ ကြေညာသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ဘာပဲဖြစ်ဖြစ် ကြည့်ရတာတော့ Xiaomi အနေနဲ့ တရုတ်နိုင်ငံနဲ့ အိန္ဒိယနိုင်ငံပြင်ပမှာ Offline Mi Store တွေအစား Online ကနေပဲ ပြောင်းလဲရောင်းချသွားဖို့စီစဥ်နေပုံရပါတယ်။

Ref – Android Authority