Xiaomi က ဒီတစ်ပတ်ထဲမှာ SU7 လျှပ်စစ်ကားတွေကို တရုတ်မှာ ပထမ အသုတ် အနေနဲ့ စတင်ပို့ဆောင်ပေးလိုက်ပါတယ်။ တရုတ်ရဲ့ မြို့တော် ၂၈ ခုမှ ဝယ်ယူသူတွေဟာ Xiaomi SU7 ကားကို စီးနိုင်ပါပြီ။

တရုတ်မှာ လျှပ်စစ်ကား ကုမ္ပဏီတွေဟာ ဝယ်သူတွေကို စွဲဆောင်ဖို့ လျှော့ဈေးများများ ပေးနေတဲ့အတွက် Xiaomi အတွက် စိန်ခေါ်မှုများစွာ ရှိပါတယ်။

Xiaomi SU7 ရဲ့ ၈၃၀ ကီလိုမီတာ (၅၁၅ မိုင်) ဈေးနှုန်းဟာ ယွမ် ၂၁၆,၀၀၀ ( ဒေါ်လာ ၃၀,၀၀၀) ဖြစ်ပါတယ်။ Xiaomi တည်ထောင်သူနဲ့ CEO Lei Jun က ကုမ္ပဏီဟာ ကားအတွက် အမှာစာ ၁၀၀,၀၀၀ ရရှိထားပြီး အတည်ပြုထားတဲ့ အော်ဒါဟာ ၄၀,၀၀၀ ရှိတယ်လို့ ပြောပါတယ်။

Xiaomi primed to start deliveries of SU7 electric sports saloon

ဒီတစ်ပတ်ထဲမှာ ဘေဂျင်းမှာ ကားကို စတင်ပို့ဆောင်ပေးလိုက်ပြီး Lei Jun က အော်ဒါ မြင့်မားနေတာဟာ လူတွေ Brand ကို ယုံကြည်မှု မြင့်မားနေတာကို ပြသတယ်လို့ ပြောပါတယ်။

Xiaomi ဟာ ကား အစိတ်အပိုင်း ထုတ်လုပ်သူတွေကို တိုးမြှင့်ထုတ်လုပ်ဖို့ မကြာခင်က ညွှန်ကြားထားပြီး လစဉ် ကား အစီး ၁၀,၀၀၀ ထုတ်လုပ်သွားဖို့ ရည်မှန်းထားပါတယ်။ ကုမ္ပဏီဟာ ဒီနှစ်ထဲမှာ ကား အစီး ၆၀,၀၀၀ ကနေ ၈၀,၀၀၀ အတွင်း ပို့ဆောင်နိုင်မယ်လို့ မျှော်လင့်ထားပါတယ်။

Ref : just-auto