Xiaomi ရဲ့ နောက်ဆုံးပေါ် ခေါက်ချိုးဖုန်း Mix Flip 2 ဟာ ဒီလကုန်ပိုင်းမှာ တရားဝင်ကြေညာမယ်ဆိုတဲ့ သတင်းတွေကို ကုမ္ပဏီက အတည်ပြုလိုက်ပါပြီ။ ဒီကနေ့မှာပဲ Xiaomi က ဒီဖုန်းကို စတင်ကြော်ငြာနေပြီဖြစ်ပြီး သူ့ရဲ့ ဝက်ဘ်ဆိုက်မှာ ပုံတစ်ပုံကို ထုတ်ပြန်ခဲ့ပါတယ်။
ဖုန်းဘူးကို တစ်စိတ်တစ်ပိုင်း ပြသထားပြီး “ဒီလတွေ့မယ်” ဆိုတဲ့ စာသားကို မြင်ရပါတယ်။ အဲဒီအတွက် Mix Flip 2 ကို တရုတ်ဈေးကွက်မှာ ဇွန်လအတွင်း မိတ်ဆက်တော့မယ်ဆိုတာ သေချာသွားပါပြီ။ သူ့ရဲ့ ပထမမျိုးဆက်လိုပဲ နောက်ပိုင်းကျမှ နိုင်ငံတကာမှာ ကြေညာမှာ ဖြစ်ပါတယ်။
Xiaomi ကိုယ်တိုင်က Mix Flip 2 ရဲ့ အသေးစိတ်အချက်အလက်တွေကို အတည်မပြုသေးပေမယ့် ကောလာဟလတွေအရတော့ ဒီဖုန်းဟာ Snapdragon 8 Elite chipset နဲ့ လာမယ်လို့ သိရပါတယ်။ Snapdragon 8 Elite ဟာ Qualcomm ရဲ့ နောက်ဆုံးပေါ် Processor တစ်ခုဖြစ်ပြီး CPU စွမ်းဆောင်ရည် 45% ပိုမြန်ပြီး စွမ်းအင် 44% လျော့နည်းအောင် အသုံးပြုနိုင်တယ်လို့ ဆိုပါတယ်။
ပေါက်ကြားသတင်းတွေအရ အဲဒီဖုန်းမှာ 6.85 လက်မအရွယ် ခေါက်ချိုးနိုင်တဲ့ မျက်နှာပြင် ပါဝင်မှာဖြစ်ပြီး “1.5K” resolution နဲ့ 120 Hz refresh rate တို့ကို ရရှိမှာပါ။ 5,100 mAh ဘက်ထရီပါဝင်ပြီး 67W ကြိုးတပ်အားသွင်းစနစ် နဲ့ 50W ကြိုးမဲ့အားသွင်းစနစ် တွေကို ထောက်ပံ့ပေးမှာပါ။
ကင်မရာပိုင်းမှာတော့ 50 MP ပင်မကင်မရာ (OIS ပါဝင်) နဲ့ အရင်မျိုးဆက်ရဲ့ telephoto ကင်မရာအစား 50 MP ultrawide ကင်မရာ တို့ ပါလာနိုင်ပါတယ်။ IPX8 ရေစိုခံနိုင်စွမ်းရည် ထည့်သွင်းထားနိုင်ပါတယ်။
Xiaomi Mix Flip 2 ဟာ ခေါက်ချိုးဖုန်းဈေးကွက်မှာ ဘယ်လိုနေရာယူနိုင်မလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။ သူ့ရဲ့ စွမ်းဆောင်ရည်မြင့် ချစ်ပ်ဆက်နဲ့ ဆန်းသစ်တဲ့ ဒီဇိုင်းက ပြိုင်ဘက်တွေကို စိန်ခေါ်နိုင်မလားဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
Ref : gsmarena