Xiaomi ရဲ့ SU7 လျှပ်စစ်ကားကို ရောင်းချဖို့ နီးနေပြီ ဖြစ်ပြီး အခုတော့ အတွင်းပိုင်း ဓါတ်ပုံတွေ ထွက်ပေါ်လာပါတယ်။ အတွင်းပိုင်းမှာ Physical Buttons ထည့်သွင်းထားပြီး ယာဉ်မောင်းကို အသားပေးထားတဲ့ ဒီဇိုင်း ဖြစ်ပါတယ်။

Xiaomi SU7 interior

စတီယာရင်ရဲ့ အောက်ခြေဟာ ပြားချပ်ပြီး အလျားလိုက် ထိတွေ့မျက်နှာပြင် တပ်ဆင်ထားကာ အလယ်မှာ Console ပါပါတယ်။ ယာဉ်မောင်းရဲ့ ညာဘက်ခြမ်းမှာ Toggle ခလုတ်တန်းကို မြင်ရပါတယ်။ အဲဒီခလုတ်တွေထဲမှာ လေအေးပေးစက် အဖွင့်၊ အပိတ်လို Function တွေ ပါလာမှာ ဖြစ်ပါတယ်။ ထိတွေ့မျက်နှာပြင် အစား Physical Buttons တွေ ထည့်သွင်းပေးထားတာဖြစ်ပါတယ်။

Xiaomi SU7 interior

SU7 မှာ Floating Dashboard ဒီဇိုင်းကို အသုံးပြုထားပြီး Docking Unit မှာ Physical Buttons အပိုတွေ တပ်ဆင်ထားပါတယ်။ အရှေ့ကို ကောင်းကောင်းမြင်ရအောင် ယာဉ်မောင်းရဲ့ ထိုင်ခုံကို ပြုလုပ်ပေးထားပါတယ်။ Xiaomi က SU7 ကို ၂၀၂၄ ခုနှစ် ပထမနှစ်ဝက်မှာ စတင် ရောင်းချပေးနိုင်ပြီး ဈေးနှုန်းက ယွမ် ၃၀၀,၀၀၀ ( ဒေါ်လာ ၄၂,၀၀၀) ဝန်းကျင် ဖြစ်နိုင်ပါတယ်။

Xiaomi SU7 interiorXiaomi SU7 interior

Xiaomi CEO Lei Jun ဟာ လျှပ်စစ်ကား ဈေးကွက်ဟာ အလားအလာကောင်းတယ်လို့ ယူဆထားပြီး Xiaomi ကို ကားနယ်ပယ်ထဲမှာ အောင်မြင်အောင်လုပ်ဖို့ အာရုံစိုက်ထားပါတယ်။ ဒါပေမယ့်လည်း Xiaomi ဟာ စမတ်ဖုန်းနဲ့ တခြား နည်းပညာ ထုတ်ကုန်တွေကို ဆက်လက် ရောင်းချမှာ ဖြစ်ပါတယ်။

Ref : gizmochina