စမတ်ဖုန်း ကုမ္ပဏီတွေဟာ Billboard ကြော်ငြာတွေနဲ့ လူမှုကွန်ရက်တွေကနေ အပြန်အလှန် တိုက်ခိုက်နေကြပါတယ်။ ဒါဟာ ထုံးစံ ၁ ခုလိုတောင် ဖြစ်နေပါပြီ။ အခုလည်း Xiaomi ဟာ OnePlus ရဲ့ တန်ဖိုးကြီး ဖုန်းတွေကို တိုက်ခိုက်လိုက်ပါတယ်။

ဒီဇာတ်လမ်းကို အရင်စခဲ့တာက OnePlus ပါ။ OnePlus က “In a world of apples, stand out with a OnePlus.” စာသား၊ ပန်းသီးတွေကြားမှာ ကုမ္ပဏီရဲ့ အမိုက်စား ဖုန်း ၁ လုံး ကြွားကြွားဝင့်ဝင့် ရှိနေတဲ့ ဓါတ်ပုံ ၁ ပုံကို တွစ်တာမှာ တင်ခဲ့ပါတယ်။ အဓိပ္ပါယ်ကတော့ Apple ဖုန်းတွေကို မသုံးဘဲ OnePlus ဖုန်းနဲ့ ဂုဏ်ယူဝင့်ကြွားလိုက်ပါလို့ ပြောချင်တာပါ။

Xiaomi Mi 10T Pro review | TechRadar

Apple က OnePlus ကို ပြန်လည် မတိုက်ခိုက်သေးခင်မှာပဲ Xiaomi က အခွင့်ကောင်းယူကာ OnePlus ကို ဆော်ထည့်လိုက်ပါတယ်။ Xiaomi က “But why settle for less when you can have more. New Year. 108MP resolution,” စာသား၊ Mi 10T Pro ဓါတ်ပုံနဲ့ တွစ်တာမှာ OnePlus ပို့စ်ကို တုန့်ပြန်ခဲ့ပါတယ်။

OnePlus ရဲ့ ဆောင်ပုဒ်က ‘Never Settle’ ဖြစ်တဲ့အတွက် Xiaomi က Settle စကားလုံးကို သုံးထားပါတယ်။ “ အများကြီး ရနိုင်ရဲ့သားနဲ့ နည်းနည်းလေးနဲ့ ရောင့်ရဲ မနေပါနဲ့။ 108MP ကင်မရာနဲ့ လန်းလိုက်ပါ။ “ လို့ ပြောလိုက်တာပါ။ OnePlus ကတော့ Xiaomi ကို ပြန်မဖဲ့သေးပေမယ့် မကြာခင်မှာ တိုက်ပွဲတွေ ပြင်းထန်လာမယ်လို့ ထင်ရပါတယ်။

Ref : gizmochina