Xiaomi ရဲ့ စမတ်တီဗီတွေဟာ ကမ္ဘာ့အကြီးမားဆုံး ဈေးကွက်ကြီးဖြစ်တဲ့ အိန္ဒိယ အပါအဝင် နိုင်ငံများစွာမှာ အောင်မြင်နေပါတယ်။ ပြီးခဲ့တဲ့နှစ်မှာ Xiaomi က Mi TV 5 Pro Series နဲ့အတူ စွမ်းရည်မြင့် စမတ်တီဗီ နယ်ပယ်ကို ဝင်ရောက်လာပြီး Mi TV 5 Pro Series မှာ Quantum Dot QLED မျက်နှာပြင်နဲ့ 8K ရုပ်ထွက်ကို ထောက်ပံ့ပေးထားပါတယ်။

၅၅ လက်မ၊ ၆၅ လက်မနဲ့ ၇၅ လက်မ မော်ဒယ် ၃ မျိုးထုတ်လုပ်ထားပြီး အခုတော့ ဝီဘိုမှာ မျှဝေထားတဲ့ ပိုစတာအရ မျက်နှာပြင် အရွယ်အစား အသစ်ကို ၉ ရက်နေ့မှာ ကြေညာတော့မှာ ဖြစ်ပါတယ်။ ၁၀၀ လက်မ စမတ်တီဗီ ဖြစ်မယ်လို့ သတင်းထွက်နေပြီး တကယ်သာ ထွက်လာခဲ့ရင် Xiaomi ထုတ်လုပ်ဖူးသမျှ စမတ်တီဗီတွေထဲမှာ အရွယ်အစား အကြီးမားဆုံး ဖြစ်လာမှာပါ။

အဲဒီ စမတ်တီဗီ အသစ်ရဲ့ Specs တွေက အရင်ထွက်ထားတဲ့ မော်ဒယ်တွေနဲ့ တူညီမယ်လို့ ထင်ရပါတယ်။ အဲဒီအတွက် 4GB RAM , 64GB Storage , Amlogic T972 Chipset , 8K Video Decoding , HDR10+, Dolby Audio နဲ့ Xiaomi ရဲ့ PatchWall System တွေ ထည့်သွင်းထားမှာပါ။ ၇၅ လက်မ မော်ဒယ်ကို ၉,၉၉၉ ယွမ် (၁၉ သိန်း ဝန်းကျင်)သတ်မှတ်ထားတဲ့အတွက် ၁၀၀ လက်မမော်ဒယ်ရဲ့ ဈေးက ဒီထက် ပိုမြောက်မှာပါ။

Ref : gizmochina