Xiaomi 13 Series Flagship ဖုန်းတွေကို စျေးကွက်အတွင်းမှာ စတင်ရောင်းချနေပြီဖြစ်ပေမယ့် စျေးပိုသက်သာပြီး စွမ်းဆောင်ရည်မြင့်မားတဲ့ Redmi K60 Series ဖုန်းတွေကလည်း အသုံးပြုသူတွေ စောင့်ဆိုင်းနေတဲ့ဖုန်းတွေလို့ပြောနိုင်ပါတယ်။ အခုအချိန်မှာတော့ Xiaomi ကနေ Redmi K60 Series ဖုန်းတွေကို တရားဝင်မိတ်ဆက်မယ့်အချိန်ကို ကြေညာလိုက်ပြီဖြစ်ပါတယ်။

Xiaomi ဟာ ယခုကြေညာချက်ကို Weibo စာမျက်နှာမှာဖော်ပြခဲ့တာဖြစ်ပြီး ဒီဇင်ဘာလ ၂၇ ရက်နေ့မှာ တရားဝင်မိတ်ဆက်သွားမှာဖြစ်ပါတယ်။ ဒါ့အပြင် Redmi K60 ဖုန်းရဲ့ နောက်ကျောဘက်ဒီဇိုင်းကိုပါ အတည်ပြုနိုင်ခဲ့ပါတယ်။

Redmi K60 ရဲ့ ဒီဇိုင်းဟာ နောက်ကျော ဘေးဘက်အစွန်း ၂ ဖက်မှာ Carbon Fiber ပုံစံပြုလုပ်ထားပြီး Camera Setup အနေနဲ့ Triple Camera Setup ကို အသုံးပြုထားမှာဖြစ်ပါတယ်။ Camera ပိုင်းမှာ ထူးခြားချက်အနေနဲ့ကတော့ Redmi Brand ထဲမှာ ပထမဆုံးအနေနဲ့ Periscope Telephoto Camera ကို ထည့်သွင်းပေးထားတာပဲဖြစ်ပါတယ်။

Xiaomi ဟာ ယခု Redmi K60 ဖုန်းတွေထဲမှာ K60 Gaming ဖုန်းကို မိတ်ဆက်မှာမဟုတ်တော့ဘူးလို့ အတည်ပြုထားပြီးဖြစ်ပါတယ်။ အခုလိုမျိုး Gaming Phone ဆိုပြီး သီးသန့်မိတ်ဆက်မှာမဟုတ်ပေမယ့် Redmi K60 Series ဖုန်းတွေအားလုံးဟာ Mobile Gaming အတွက် အလွန်ကောင်းမွန်ပြီး လုံလောက်တဲ့စွမ်းဆောင်ရည်ရှိမှာဖြစ်တယ်ဆိုပြီးလည်း ထပ်မံပြောကြားထားပါတယ်။

Redmi K60 Series ဖုန်းတွေထဲမှာ Qualcomm Snapdragon Flagship Chipset တွေကို အသုံးပြုထားမယ့် Redmi K60 နဲ့ Redmi K60 Pro ဖုန်းတွေပါဝင်မှာဖြစ်ပြီး MediaTek Dimensity 8200 Chipset ကို အသုံးပြုထားမယ့် Redmi K60E လည်းပါဝင်မှာဖြစ်ပါတယ်။

Ref – GSM Arena