Xiaomi ကနေ India မှာ Redmi Note 9 Pro နဲ့ Note 9 Pro Max စမတ်ဖုန်းတွေကို ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေတုန်းက တရားဝင်မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။ အဆိုပါ စမတ်ဖုန်းတွေဟာ Redmi Note Series ဖုန်းတွေထဲမှာ နောက်ဆုံးမိတ်ဆက်ထားတဲ့ဖုန်းတွေဖြစ်ပြီးတော့ Camera ပိုင်းမှာလည်းတော်တော်လေးကို အဆင့်မြှင့်တင်ထားခဲ့တာပါ။

ဒါပေမယ့် Xiaomi India ကနေ ထူးခြားချက်အနေနဲ့ Redmi Note 9 Pro နဲ့ Pro Max ဖုန်းတွေကိုပဲ မိတ်ဆက်သွားပြီးတော့ ပုံမှန် Redmi Note 9 ဖုန်းကိုတော့ ကြေညာသွားခြင်းမရှိပါဘူး။ အခုလည်း Xiaomi ကနေ မလေးရှားနိုင်ငံမှာ Redmi Note 9S ဆိုပြီး Redmi Note 9 ဖုန်းအသစ်ကို လာမယ့် မတ်လ ၂၃ ရက်နေ့မှာ မိတ်ဆက်သွားမယ်လို့ ကြေညာလိုက်ပါပြီ။

အဆိုပါ ကြေညာချက်ကို Xiaomi Malaysia ရဲ့ Facebook Page မှာ တင်ထားခဲ့တာဖြစ်ပြီး အဆိုပါ Teaser ဓါတ်ပုံတွေအရ Display မှာ Punch-hole Selfie Camera ကိုပါ ထည့်သွင်းထားတာဖြစ်ပါတယ်။

ပြီးခဲ့နှစ်တုန်းကလည်း Xiaomi ကနေ Redmi Note 7 ကိုမှ 48MP Primary Rear Camera ပါဝင်တဲ့ Version ကို India မှာ Redmi Note 7S ဆိုပြီး မိတ်ဆက်ခဲ့ဖူးပြီး ပုံမှန် Redmi Note 7 ကိုတော့ 12MP Camera ပဲထည့်သွင်းပေးခဲ့တာဖြစ်ပါတယ်။ အဲ့ဒီအတွက် ယခု Redmi Note 9S ဟာလည်း Redmi Note 9 Pro ကိုမှ 64MP Camera နဲ့ ထည့်သွင်းထားတဲ့ Version ဖြစ်လာမယ့်ပုံပါပဲ။

ဘာပဲဖြစ်ဖြစ် Xiaomi ကနေ Redmi Note 9 Series ကို တရုတ်နိုင်ငံမှာ မိတ်ဆက်မယ့်အချိန်ကိုလည်း ပြောကြားထားခြင်းမရှိသေးတဲ့အတွက် မြန်မာနိုင်ငံကို ဘယ် Version ဝင်ရောက်လာမလဲဆိုတာကိုတော့ ပြောရခက်နေပါသေးတယ်။

Ref – Gizmo China