Xiaomi ဟာ Mi 11 ကို ဒီဇင်ဘာလက ကြေညာခဲ့ပြီး Mi 11 Pro ကိုလည်း ချပြဖို့ စီစဉ်နေပါတယ်။ ဒါတင်မကသေးပါဘူး။ ဒီနှစ် အစောပိုင်းမှာ နောက်ထပ် ဖုန်း အသစ်တွေကို မိတ်ဆက်တော့မှာပါ။ Xiaomi ဟာ Redmi Note 10 နဲ့ Note 10 Pro ကို ဖေဖော်ဝါရီလမှာ အိန္ဒိယ အပါအဝင် တောင်အာရှ နိုင်ငံတွေမှာ ကြေညာတော့မယ်လို့ သတင်းထွက်လာပေမယ့် နေ့ရက် အတိအကျကို မသိရသေးပါဘူး။

Xiaomi to bring Redmi Note 10, Redmi Note 10 Pro in India next month

Redmi Note 10 မှာ Snapdragon 750G Chipset မောင်းနှင်ထားပြီး အနောက်ကင်မရာ ၄ လုံး ပါလာနိုင်ပါတယ်။ ၆.၆၇ လက်မ LCD မျက်နှာပြင် ထည့်သွင်းထားနိုင်ပြီး Pro မှာ ပိုကောင်းတဲ့ မျက်နှာပြင်နဲ့ ပိုကြီးတဲ့ ဘက်ထရီတွေ ပါလာနိုင်ပါတယ်။

 

 

Mi 11 အကြောင်းပြောရရင် အိန္ဒိယအတွက် 8/128GB နဲ့ 8/256GB Version ၂ မျိုး ထုတ်လုပ်ထားပါတယ်။ Mi 11 Lite လည်း ထွက်လာနိုင်ပြီး 6/64GB , 6/128GB နဲ့ 8/128GB Memory တွေ ရွေးချယ်နိုင်မယ်လို့ သတင်းထွက်နေပါတယ်။ အပြာ၊ အနက်နဲ့ ပန်းရောင် ၃ မျိုး ထုတ်လုပ်ထားနိုင်ပါတယ်။

Xiaomi Redmi Note 10  Series ကို ကြေညာဖို့ ၁ လလောက်ပဲ လိုတော့တဲ့အတွက် မကြာခင်မှာ သတင်းအချက်အလက်တွေ ပိုမို သိလာရမှာပါ။

Ref : gsmarena