Xiaomi India က Mi Notebook မော်ဒယ် အသစ်ကို ၁၁ ရက်နေ့မှာ အိန္ဒိယမှာကြေညာမယ်လို့ အတည်ပြုလိုက်ပါတယ်။ Mi Notebook မော်ဒယ် အသစ်ရဲ့ နာမည်ကို မသိရသေးပေမယ့် အိန္ဒိယမှာ အစောဆုံး ရောင်းချမှာ ဖြစ်ပါတယ်။

Xiaomi က အဲဒီ မော်ဒယ် အသစ်ဟာ ပါးလွှာ ပေါ့ပါးတဲ့ ဒီဇိုင်း ဖြစ်ပြီး FHD မျက်နှာပြင် တပ်ဆင်ထားမယ်လို့ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။ စွမ်းဆောင်ရည်၊ Storage နဲ့ ဘက်ထရီ သက်တမ်း ကောင်းမွန်မယ်လို့ သိရပါတယ်။ Xiaomi က Specification တွေကို အတိအကျ မပြောသေးပေမယ်ံ့ ဒီဇိုင်းကို ဖော်ပြထားပါတယ်။

Mi Notebook မော်ဒယ် အသစ်ဟာ အိန္ဒိယမှာ ရောင်းတဲ့ Xiaomi ရဲ့ ပထမဆုံး Notebook ဖြစ်လာမှာပါ။ Xiaomi ဟာ အရင်က အိန္ဒိယမှာ တန်ဖိုးကြီး ထုတ်ကုန်တွေ ရောင်းလေ့မရှိဘဲ အခုတော့ တန်ဖိုးကြီး လက်ပ်တော့ကို ရောင်းပေးတော့မှာ ဖြစ်ပါတယ်။ မကြာခင်က တန်ဖိုးကြီး Mi 10 ကို အိန္ဒိယမှာ ရောင်းပေးလိုက်တဲ့အတွက် Xiaomi ဟာ တန်ဖိုးကြီး ထုတ်ကုန်တွေကို အဲဒီမှာ ဆက်တိုက်ရောင်းပေးတော့မယ်လို့ ထင်ပါတယ်။  အိန္ဒိယမှာ Xiaomi ရဲ့ ထုတ်ကုန်တွေ အောင်မြင်မလားဆိုတာ စောင့်ကြည့်ရမှာပါ။

Ref : gsmarena