တရုတ် နဲ့ အမေရိကန်တို့ရဲ့ တင်းမာမှုဟာ ဆက်လက်မြင့်မားနေပါတယ်။ Huawei ဟာ အမေရိကန်ရဲ့ စီးပွားရေး ပိတ်ဆို့မှုကို ခံခဲ့ရပါတယ်။ Xiaomi လို တခြား တရုတ် နည်းပညာ ကုမ္ပဏီတွေဟာ အလားတူ ပြဿနာကို ရင်ဆိုင်ရလာနိုင်ပါတယ်။

Xiaomi HyperOS 3

Xiaomi ဟာ HyperOS 3 အမည်ရ မိုဘိုင်း Operating System အသစ်ကို ဖန်တီးနေပါတယ်။ အဲဒီ Version မှာ Google Apps နဲ့ Services မပါလာနိုင်ပါဘူး။ Huawei ဟာ Google Services အသုံးပြုခွင့် ပိတ်ပင်ခံခဲ့ရပြီး HarmonyOS ကို ဖန်တီးခဲ့တဲ့အတိုင်း ဖြစ်ပါတယ်။

Xiaomi ရဲ့ Software Update ကို ခြေရာခံနေတဲ့ XiaomiTime က Xiaomi ဟာ Huawei , BBK Group နဲ့ ပူးပေါင်းလုပ်ဆောင်နေတယ်လို့ ပြောပါတယ်။ BBK ဟာ Oppo, Vivo နဲ့ OnePlus တို့ရဲ့ ပိုင်ရှင် ဖြစ်ပါတယ်။ အဲဒီ ကုမ္ပဏီ ၃ ခုဟာ Google မပါတဲ့ HyperOS 3 ကို ဖန်တီးဖို့ စီစဉ်နေကြပါတယ်။

Xiaomi Rumored To Be Collaborating With Huawei And The BBK Group to Develop Its HyperOS 3 As A Google-Free Alternative Without The Company's Pre-Loaded Services Or Apps

လက်ရှိမှာတော့ Xiaomi ဟာ Android နဲ့ Google Services တွေကို အသုံးပြုနေတုန်း ဖြစ်ပါတယ်။ ဒါပေမယ့် ဘယ်အချိန်အထိ အသုံးပြုမလဲဆိုတာ မသေချာပါဘူး။ အမေရိကန် အစိုးရဟာ တရုတ် နည်းပညာ ကုမ္ပဏီတွေကို စိုးရိမ်နေပါတယ်။

အခုအချိန်မှာ တရုတ် ပြင်ပမှ Xiaomi User တွေဟာ စိုးရိမ်စရာ မလိုပါဘူး။ သူတို့ရဲ့ ဖုန်းတွေမှာ Google Services ဟာ ဆက်လက် အလုပ်လုပ်မှာပါ။

Ref : Gizchina