Xiaomi ဟာ Mi 10T Series စမတ်ဖုန်းတွေကို Global စျေးကွက်မှာ မိတ်ဆက်ထားပြီးဖြစ်ပါတယ်။ အခုအချိန်မှာတော့ အဆိုပါ Mi 10T Series ကိုပဲ တရုတ်နိုင်ငံစျေးကွက်အတွက် Redmi K30S အနေနဲ့ မိတ်ဆက်သွားတော့မှာဖြစ်ပါတယ်။

Xiaomi ကနေ အခုအချိန်အထိ Redmi K30S ကို တရားဝင်မိတ်ဆက်မယ့်အချိန်ကို ပြောကြားခဲ့ခြင်းမရှိပေမယ့်လည်း သတင်းတွေ Leak သတင်းတွေအရတော့ လာမယ့် အောက်တိုဘာလ ၂၇ ရက်နေ့မှာ တရားဝင်မိတ်ဆက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ Redmi K30S စမတ်ဖုန်းဟာ Mi 10T Pro အစား Mi 10T ကိုပဲ နာမည်ပြောင်းလဲမိတ်ဆက်လာမယ်လို့ ယူဆရပါတယ်။

အဲ့ဒီအတွက် Redmi K30S စမတ်ဖုန်းဟာ Qualcomm Snapdragon 865 Chipset ၊ 6.67″ 144Hz LCD Display နဲ့ 64MP Primary Sensor ပါဝင်တဲ့ Triple Camera Setup ကို အသုံးပြုထားမှာဖြစ်ပါတယ်။ Battery အနေနဲ့လည်း 5000mAh Battery ပါဝင်မှာဖြစ်သလို 33W Fast Charging ကိုလည်း Support ပြုလုပ်မှာဖြစ်ပါတယ်။

RAM နဲ့ Storage အနေနဲ့ကတော့ 6GB + 128GB ၊ 8GB + 128GB အပြင် RAM 12GB Version ပါမိတ်ဆက်လာနိုင်ပါတယ်။ စျေးနှုန်းအနေနဲ့ ဘယ်လောက်ဖြစ်မလဲဆိုတာကို အတိအကျမသိရှိရသေးပေမယ့် လက်ရှိ Redmi K30 Pro နဲ့ K30 Ultra ဖုန်း ၂ လုံးရဲ့ စျေးနှုန်းနဲ့ ပိုပြီးဆင်တူနိုင်မယ်လို့ ခန့်မှန်းရပါတယ်။

Ref – GSM Arena