တရုတ်အခြေစိုက် နည်းပညာကုမ္ပဏီကြီးဖြစ်တဲ့ Xiaomi ဟာ စမတ်ဖုန်းတစ်မျိုးတည်းကို ထုတ်လုပ်ရောင်းချနေတာ မဟုတ်ပါဘူး။ Mi Watch တွေအပါအဝင် အခြား Smart Device တွေလည်း ထုတ်လုပ်ရောင်းချနေတာ ဖြစ်ပါတယ်။ Xiaomi ရဲ့ရည်ရွယ်ချက်က သူတို့ရဲ့ Digital ဧရိယာကို ပိုပြီးကျယ်ကျယ်ပျံ့ပျံ့ ဖြန့်ကျက်နိုင်ဖို့ပါပဲ။

အခုလည်း Xiaomi ဟာ မော်တော်ယာဉ်ထုတ်လုပ်ရေ:လုပ်ငန်းကြီးဖြစ်တဲ့ NIO နဲ့ တရားဝင် မိတ်ဖက်အဖြစ် လက်တွဲလိုက်ပြီလို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ခြေလှမ်းတွေကတော့ Xiaomi ဟာ Special app တစ်ခုကို ပြုလုပ်ပြီး Mi Watch ကတစ်ဆင့် NIO ရဲ့ မော်တော်ယာဉ်တွေကို ထိန်းချုပ်နိုင်ဖို့ပဲ ဖြစ်ပါတယ်။

NIO ဆိုတာကလည်း Electric Supercar တွေနဲ့ပတ်သက်ရင် အတော်လေး နာမည်ရခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၂၀၁၆ ခုနှစ် နိုဝင်ဘာတုန်းက ကမ္ဘာ့ အမြန်ဆုံး Electric supercar NIO EP9 ကို လန်ဒန်မှာ ကြေညာခဲ့ပါတယ်။ ၂၀၁၇ သြဂုတ်လလယ်လောက်မှာတော့ Xiaomi ရဲ့ MIUI 9 Feature ဟာ NIO EP9 မှာသုံးလို့ရပြီဖြစ်ကြောင်း ကြေညာခဲ့ပြန်ပါတယ်။

Xiaomi ရဲ့ပြောဆိုချက်အရ အထူးဖန်တီးထားတဲ့ App ဟာ Mi Watch ကတစ်ဆင့် NIO မော်တော်ယာဉ်တွေကို Activate လုပ်တာအပါအဝင် အခြားလုပ်ဆောင်ချက်တွေကို လှမ်းပြီးပြုလုပ်နိုင်တယ်လို့ သိရပါတယ်။ တရားဝင်အချက်အလက်တွေအရ ယာဉ်ပိုင်ရှင်တွေအနေနဲ့ သူတို့ပိုင်ယာဉ်ရဲ့ အမည်ပြောင်ကို Watch မှာပြသနိုင်ပြီး လက်ရှိမောင်းနှင်မှုအခြေအနေ၊ ပါဝါအခြေအနေ၊ ဘက်ထရီသက်တမ်းကျန်ရှိမှုအပါအဝင် မော်တော်ယာဉ်နဲ့ပတ်သက်တဲ့ အခြားအချက်အလက်တွေကိုလည်း ဖော်ပြမှာ ဖြစ်ပါတယ်။

Mi Watch ကတစ်ဆင့် ကားတံခါး အဖွင့်အပိတ်ပြုလုပ်တာ၊ ပြတင်းပေါက်နဲ့ ပစ္စည်းခန်းကို နှိမ့်တာ၊ မြှင့်တာတွေ လုပ်နိုင်တဲ့အပြင် တာယာတွေမှာ Pressure မညီမျှဘဲ ပုံမှန်မဟုတ်တဲ့အခြေအနေဖြစ်နေတာမျိုးကိုလည်း သိရှိနိုင်မယ်လို့ ဆိုပါတယ်။ ပိုင်ရှင်ဟာ သူ့မော်တော်တည်နေရာကို ရှာမတွေ့ရင်လည်း App က တည်နေရာကို လွယ်လွယ်ကူကူ ရှာဖွေပေးမှာ ဖြစ်ပါတယ်။

သတင်းအရ Xiaomi Mi Watch NIO app ဟာ NIO ရဲ့ မော်တော်ယာဉ်တိုင်းကို ထောက်ပံ့ပေးနိုင်မယ်လို့ သိရပါတယ်။ ဒါ့အပြင် NFC လိုမျိုး အင်္ဂါရပ်တွေကိုလည်း ထောက်ပံ့လာဦးမယ်လို့ ဆိုပါတယ်။ Xiaomi ရဲ့ ဒီပူးပေါင်းမှုဟာ ဂေဟစနစ်နဲ့ အသုံးဝင်မှုကို ပိုပြီး တိုးပွားစေတာပဲ ဖြစ်ပါတယ်။

Ref: Gizmochina