တရုတ်စမတ်ဖုန်းထုတ်လုပ်သူတွေဟာ လွန်ခဲ့တဲ့နှစ်တွေအတွင်း အတားအဆီးအမြောက်အများကို တွေ့ကြုံခဲ့ကြရပြီး အစားထိုးထုတ်လုပ်မှုနဲ့ ထောက်ပံ့ရေးကွင်းဆက်လိုင်းတွေကို ရှာဖွေနေကြတယ်လို့ သိရပါတယ်။ ဒီလိုမျိုး တရုတ်နိုင်ငံပြင်ပကို မျှော်ကြည့်နေကြတဲ့ အမှတ်တံဆိပ်တွေထဲမှာ Xiaomi လည်း ပါဝင်ပါတယ်။

Xiaomi ဟာ သူ့ရဲ့အကြည့်တွေကို ဗီယက်နမ်နိုင်ငံဆီ ပြောင်းလဲနေပြီး  အဆိုပါနိုင်ငံက သူ့ရဲ့ ထုတ်လုပ်မှုစက်ရုံသစ်မှာ အမှတ်တံဆိပ်ရဲ့ ပထမဆုံးအသုတ်စမတ်ဖုန်းတွေကို ထုတ်လုပ်ဖို့ ပေးပို့ထားပြီဖြစ်ကြောင်း သိရပါတယ်။ ဒါကြောင့် မကြာခင်မှာ ဗီယက်နမ်မှာ တပ်ဆင်ထုတ်လုပ်တဲ့ Xiaomi စမတ်ဖုန်းတွေကို တွေ့မြင်ရတော့မှာပါ။

အဆိုပါစက်ရုံသစ်ဟာ ဗီယက်နမ်မြောက်ပိုင်းမှာတည်ရှိပြီး ဧရိယာစတုရန်းမီတာ ၂ သိန်းကျယ်ဝန်းတယ်လို့ သိရပါတယ်။ ဒီစက်ရုံအတွက် ရင်းနှီးမြှုပ်နှံမှုဟာ အမေရိကန်ဒေါ်လာ သန်း ၈၀ နဲ့ ညီမျှတယ်လို့လည်း သိရပါတယ်။ ဟောင်ကောင်အခြေစိုက် DBG Technology နဲ့အတူ ထုတ်လုပ်မှုပိုင်းဟာ ယုံကြည်စိတ်ချရတယ်လို့လည်း ဆိုပါတယ်။

Xiaomi ရဲ့ ရည်မှန်းချက်ဟာ အိမ်နီးချင်း မလေးရှားနဲ့ ထိုင်းနိုင်ငံတွေလိုမျိုး အိမ်နီးချင်းအရှေ့တောင်အာရှနိုင်ငံတွေကိုတင်ပို့ရာမှာ အချက်အချာနေရာအဖြစ် သူ့ရဲ့ဗီယက်နမ်စက်ရုံကို အသုံးပြုဖို့ ဖြစ်ပါတယ်။ Xiaomi ဟာ ဗီယက်နမ်မှာ ဈေးကွက်ဝေစု ၂၂% နဲ့ ဒုတိယနေရာကို ရယူထားပြီး ပထမနေရာကိုတော့ Samsung က ၃၄% နဲ့ ရယူထားတာ ဖြစ်ပါတယ်။ Xiaomi ရဲ့ အခြား ကုန်ထုတ်လုပ်မှုဗဟိုချက်ဟာ တရုတ်နဲ့ အိန္ဒိယမှာ တည်ရှိပါတယ်။

Ref: GSM Arena