Xiaomi က လျှပ်စစ်ကားလုပ်ငန်းအတွက် တရားဝင် ဝက်ဘ်ဆိုက်ကို လွှင့်တင်လိုက်ပါတယ်။ Xiaomiev.com မှာ Xiaomi  ရဲ့ လျှပ်စစ်ကားနဲ့ သတင်းအချက်အလက်တွေကို လေ့လာနိုင်ပါတယ်။

Xiaomi ဟာ ၂၀၂၁ ခုနှစ်မှာ လျှပ်စစ်ကား ကုမ္ပဏီကို စတင် တည်ထောင်ခဲ့ပြီး Lei Jun ဟာ ကုမ္ပဏီရဲ့ CEO တာဝန်ကို ရယူထားပါတယ်။ Xiaomi က SU7 ပထမဆုံး လျှပ်စစ်ကားကို ကြေညာပြီးနောက်မှာ အခု ဝက်ဘ်ဆိုက်ကို လွှင့်တင်လိုက်တာပါ။

Xiaomi SU7 electric sedan

Xiaomi ရဲ့ လျှပ်စစ်ကား ကုမ္ပဏီကို တည်ထောင်ပြီးနောက်မှာ  ဝက်ဘ်ဆိုက်ကို မှတ်ပုံတင်ထားတာ ဖြစ်ပြီး ၂၀၂၃ ခုနှစ်မှာ မှတ်ပုံတင်တာကို ခွင့်ပြုခဲ့ပါတယ်။ ဝက်ဘ်ဆိုက်မှာ SU7 ကို အဓိကထားပြသထားပါတယ်။ SU7 ဟာ ၈၀၀ ကီလိုမီတာ မောင်းနှင်နိုင်ပြီး ၂.၇၈ စက္ကန့်အတွင်း ၀ ကနေ ၁၀၀ ကီလိုမီတာ အမြန်နှုန်း မောင်းနှင်နိုင်ပါတယ်။ SU7 မှာ မောင်းသူမဲ့ နည်းပညာ ပါပါတယ်။

Xiaomi SU7 arrives at stores in China a day after launch

လက်ရှိမှာ ဝက်ဘ်ဆိုက်မှာ တရုတ် ဘာသာစကားနဲ့ ရေးသားထားပေမယ့် အနာဂတ်မှာ တခြား ဘာသာစကားတွေကို ထောက်ပံ့လာနိုင်ပါတယ်။ ဝက်ဘ်ဆိုက်ရဲ့ Layout က လှပပြီး Xiaomi ရဲ့ စတိုင်တွေကို ထင်ဟပ်စေပါတယ်။ ဒီဇိုင်း ရိုးရှင်းပြီး Home Page မှာ Tab ၇ ခု ထည့်သွင်းထားပါတယ်။

Home Page နဲ့ တခြား Page တွေမှာ SU7 ရဲ့ ဓါတ်ပုံတွေကို ပြသထားပါတယ်။ SU7 ရဲ့ နည်းပညာ သတင်းအချက်အလက်တွေကိုလည်း ဖော်ပြထားပါတယ်။

ဝက်ဘ်ဆိုက်မှာ ကားထုတ်လုပ်တဲ့ ၂ မိနစ်ကြာ ဗီဒီယို ၁ ခုကို ပြသထားပြီး ကားမှာ ထည့်သွင်းထားတဲ့ HyperOS အကြောင်းကိုလည်း ဖော်ပြထားပါတယ်။ ဒါပေမယ့် ကားရဲ့ ဈေးနှုန်းကိုတော့ မဖော်ပြထားသေးပါဘူး။

Ref: gizmochina