Xiaomi က “Lu Weibing Live Chats about Xiaomi New Products” အစီအစဉ်မှာ Pad 7S Pro ကို မိတ်ဆက်လိုက်ပါတယ်။ ပရော်ဖက်ရှင်နယ်အသုံးပြုသူတွေအတွက် ရည်ရွယ်တဲ့ Android တက်ဘလက် ဖြစ်ပါတယ်။ ဒါဟာ PC နဲ့တူတဲ့ တက်ဘလက် နယ်ပယ်ထဲကို Xiaomi ရဲ့ ပထမဆုံး ဝင်ရောက်လာတဲ့ ခြေလှမ်းဖြစ်ပြီး ကုမ္ပဏီရဲ့ ကိုယ်ပိုင် XRING O1 ချစ်ပ် ထည့်သွင်းထားတာ တွေ့ရပါတယ်။
Pad 7S Pro မှာ ပါဝင်တဲ့ XRING O1 ချစ်ပ် ဟာ တက်ဘလက်တွေအတွက် အထူးဒီဇိုင်းထုတ်ထားတာဖြစ်ပြီး မြင့်မားတဲ့ စွမ်းဆောင်ရည်ကို ပေးစွမ်းနိုင်ပါတယ်။ အလွန်ပါးလွှာတဲ့ ၅.၈ မီလီမီတာ အထူနဲ့ ၅၇၆ ဂရမ်အလေးချိန်ပဲ ရှိတာကြောင့် သယ်ဆောင်ရ အလွန်လွယ်ကူပါတယ်တဲ့။ ၁၂.၅ လက်မအရွယ် 3.2K, 308 PPI LCD မျက်နှာပြင် က 144Hz refresh rate နဲ့ ကြည်လင်ပြတ်သားတဲ့ ပုံရိပ်တွေကို ပြသပေးပါတယ်။ မျက်လုံးကာကွယ်မှု စနစ်တွေ၊ display certificate တွေနဲ့ nano soft light screen နည်းပညာတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။
10,610mAh ဘက်ထရီ နဲ့ 120W အမြန်အားသွင်းစနစ် ကြောင့် တစ်နေကုန် အသုံးပြုနိုင်ပြီး လိုအပ်ရင် အမြန်အားပြန်ဖြည့်နိုင်ပါတယ်။ လုပ်ငန်းခွင်အတွက် အထောက်အကူဖြစ်စေမယ့် Remote PC control၊ “Wonderful Desktop” integration၊ Apple device တွေနဲ့ file sharing လုပ်တာတွေ၊ Mac အသုံးပြုသူတွေအတွက် wireless secondary screen support တွေလည်း ပါဝင်ပါတယ်။ ကင်မရာပိုင်းမှာတော့ စာရွက်စာတမ်းတွေနဲ့ whiteboards တွေ ရိုက်ကူးဖို့အတွက် 50MP အနောက်ကင်မရာ နဲ့ ဗီဒီယိုကွန်ဖရင့်အတွက် 32MP အရှေ့ကင်မရာ ပါဝင်ပါတယ်။ မိုက်ခရိုဖုန်းလေးလုံး ပါဝင်တဲ့အတွက် အသံကြည်လင်ပြတ်သားစွာ ရရှိမှာပါတဲ့။
ခြုံပြောရမယ်ဆိုရင်တော့ Xiaomi Pad 7S Pro ဟာ စွမ်းဆောင်ရည်၊ ဒီဇိုင်း နဲ့ လုပ်ငန်းသုံး feature တွေကို ပေါင်းစပ်ပြီး ပီစီတစ်လုံးလို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
Ref : Xiaomitime