Redmi က တရုတ်မှာ 5G ဖုန်း ၂ လုံးနဲ့ 4G ဖုန်း ၁ လုံးကို ကြေညာလိုက်ပါတယ်။ Redmi Note 9 5G , Note 9 Pro 5G နဲ့ Redmi Note 9 4G တို့ ဖြစ်ပြီး Redmi Note 9 5G အကြောင်းကို ပြောပြချင်ပါတယ်။ MediaTek Dimensity 800U Chipset မောင်းနှင်ထားပြီး Qualcomm Snapdragon 700 Series နဲ့ စွမ်းရည်ချင်း တူပါတယ်။ Xiaomi က 800U ဟာ Redmi Note 8 Chipset ထက် ၂ ဆ ပိုမြန်တယ်လို့ ပြောပါတယ်။ နောက်ပြီးတော့ UFS 2.2 Storage အမျိူးအစားကို သုံးပေးထားတယ် ဖြစ်ပါတယ်။

Xiaomi unveils new Redmi Note 9 trio: two with 5G, the top model has a 108 MP cam, 120 Hz screen

Redmi Note 9 5G မှာ ၆.၅၃ လက်မ FHD+ LCD မျက်နှာပြင် ပါလာပြီး  Refresh Rate ကတော့ ပုံမှန်လောက်ပါပဲ။ Night Time Viewing အတွက် 1 nit Brightness အထိ ချပေးနိုင်ပြီး Blue Light ထုတ်လွှင့်မှု လျှော့ချပေးတဲ့ TVU အသိအမှတ်ပြုလက်မှတ်ရထားပါတယ်။ မျက်နှာပြင်ကို Corning Gorilla 5 နဲ့ ကာကွယ်ထားပါတယ်။

ပင်မ ကင်မရာက 48MP ဖြစ်ပြီး 4K ဗီဒီယို ရိုက်ကူးနိုင်ပါတယ်။ 8MP Ultrawide နဲ့ 2MP Macro ကင်မရာ ၂ လုံးနဲ့ အားဖြည့်ထားပါတယ်။ ဆဲလ်ဖီး ကင်မရာက 13MP ဖြစ်ပြီး 1080p ဗီဒီယို ရိုက်ကူးပေးနိုင်ပါတယ်။ အရွယ်ကြီး 5,000mAh ဘက်ထရီ ပါလာပြီး 18W Fast Charging ထောက်ပံ့ထားပါတယ်။

နားကြပ်ပေါက်နဲ့ စတီရီယို စပီကာ တပ်ဆင်ထားပြီး ဂိမ်းကစားရင် Haptic Feedback ပိုကောင်းတဲ့ Linear Motor ပါလာပါတယ်။ ဖုန်း ပတ်လည်မှာ အန်တင်နာ ၇ ခု ထည့်သွင်းထားတဲ့အတွက် 5G ဆက်သွယ်မှု၊ WiFi နဲ့ Bluetooth ဆွဲအား ပိုကောင်းပါတယ်။

Pricing

Redmi Note 9 5G 6GB + 128GB – 1299 yuan

Redmi Note 9 5G 8GB + 128GB – 1499 yuan

Redmi Note 9 5G 8GB + 256GB – 1699 yuan

၂ သိန်း ၆ သောင်း၊ ၃ သိန်းနဲ့ ၃ သိန်း ၄ သောင်းလောက် အသီးသီး တန်ကြေးရှိပြီး နောက်လ ၁ ရက်နေ့ တရုတ်မှာ ရောင်းမှာပါ။ နိုင်ငံတကာမှာ ရောင်းမယ့် အချိန်ကို မသိရသေးပါဘူး။

Ref : gsmarena