Redmi က တရုတ်မှာ Note 9 5G နဲ့ Note 9 Pro 5G ဖုန်း ၂ လုံး အပြင် Note 9 4G ကိုပါ ကြေညာလိုက်ပါတယ်။ 4G ပဲ ထောက်ပံ့တဲ့ Snapdragon 662 Chipset မောင်းနှင်ထားပြီး 5G မော်ဒယ်တွေမှာလို 128GB UFS 2.2 Storage ပါလာပါတယ်။ အခုကြေညာတဲ့ ဖုန်း ၃ လုံးမှာ ဈေးအချိုဆုံး စမတ်ဖုန်း ဖြစ်ပါတယ်။

Xiaomi unveils new Redmi Note 9 trio: two with 5G, the top model has a 108 MP cam, 120 Hz screen

ဒါပေမယ့် ဘက်ထရီက အရွယ်အစား အကြီးဆုံး ဖြစ်ပြီး 6,000mAh ဖြစ်ပါတယ်။ ဘက်ထရီကြီးပေမယ့် အလေးချိန်က ၂၀၀ ဂရမ်အောက်ပဲ ရှိပါတယ်။ 18W Fast Charging ထောက်ပံ့ထားပြီး သာမာန်ပဲ သုံးရင် ၂ ရက်ကျော်တောင် အသုံးခံတာက တော်တော်မိုက်ပါတယ်။ Xiaomi က အကြိမ် ၁,၀၀၀ လောက် အားသွင်းနိုင်တယ်လို့ ပြောတဲ့အတွက် ၄ နှစ်လောက် ကောင်းကောင်း သုံးနိုင်ပါတယ်။

Redmi Note 9 4G မှာ ၆.၅၃ လက်မ LCD မျက်နှာပြင် ထည့်သွင်းထားပြီး FHD+ Resolution ဖြစ်ပါတယ်။ 120Hz Touch Sampling Rate ပါလာပေမယ့် Refresh Rate က 60Hz ပဲရှိပါတယ်။ မျက်နှာပြင်ကို Gorilla Glass 3 နဲ့ ကာကွယ်ထားပါတယ်။

အနောက်ကင်မရာ ၃ လုံး ပါလာပြီး 48MP Main , 8MP Ultrawide နဲ့ 2MP Depth တွေ ဖြစ်ပါတယ်။ 1080p 30fps ဗီဒီယိုပဲ ရိုက်ကူးပေးနိုင်ပါတယ်။ Punch Hole မဟုတ်ဘဲ အရွယ်သေး Notch မှာ 8MP ဆဲလ်ဖီး ကင်မရာ ၁ လုံး ပါလာပါတယ်။ နားကြပ်ပေါက်နဲ့ စတီရီယို စပီကာတွေ ပါပေမယ့် NFC မပါပါဘူး။

Pricing 

Redmi Note 9 4G 4GB + 128GB – 999 yuan

Redmi Note 9 4G 6GB + 128GB – 1099 yuan

Redmi Note 9 4G 8GB + 128GB – 1299 yuan

၂ သိန်း ၊ ၂ သိန်း ၂ သောင်းနဲ့ ၂ သိန်း ၆ သောင်းလောက် အသီးသီး ကျသင့်မှာ ဖြစ်ပြီး တရုတ်မှာ ရောင်းပေးလိုက်ပါပြီ။ တခြားနိုင်ငံတွေမှာ ရောင်းမယ့် သတင်းကို မသိရသေးပါဘူး။

Ref : gsmarena