Xiaomi က တရုတ်မှာ Watch S1 Pro စမတ်နာရီနဲ့ Buds 4 Pro နားကြပ်ကို ကြေညာလိုက်ပါတယ်။

Watch S1 Pro

Watch S1 Pro မှာ Stainless Steel ကိုယ်ထည် တပ်ဆင်ထားပြီး ရေအနက် မီတာ ၅၀ အထိ ဝတ်ဆင်နိုင်ပါတယ်။ ၁.၄၇ လက်မ AMOLED 480x480p Resolution မျက်နှာပြင် တပ်ဆင်ထားပြီး Peak Brightness က 600nits ဖြစ်ပါတယ်။ မျက်နှာပြင်ကို Sapphire Crystal နဲ့ ကာကွယ်ထားပါတယ်။

Xiaomi Watch S1 Pro and Buds 4 Pro released

နှလုံးခုန်နှုန်း၊ သွေးတွင်းအောက်ဆီဂျင်ပမာဏ၊ အိပ်စက်မှုနဲ့ စိတ်ဖိစီးမှုတွေ အပါအဝင် ကျန်းမာရေးနဲ့ ကိုယ်လက်လှုပ်ရှားမှုကို တွက်ချက်ပေးတဲ့ လုပ်ဆောင်ချက်တွေ ထည့်သွင်းထားပြီး Fitness Mode ၁၁၇ ခု ပါပါတယ်။ Bluetooth Calling အတွက် မိုက်ကရိုဖုန်းနဲ့ စပီကာ တပ်ဆင်ထားပြီး Dual-band GPS, Bluetooth 5.2 , WiFi ဆက်သွယ်မှုတွေ ပါပါတယ်။

Xiaomi Watch S1 Pro in balck and silver

500mAh ဘက်ထရီ ထည့်သွင်းထားပြီး သာမာန်သုံးရင် ၁၄ ရက်နဲ့ အလွန်အကျွံ သုံးရင် ၁၀ ရက် ခံတယ်လို့ Xiaomi က ပြောပါတယ်။ အနက်နဲ့ ငွေရောင်ထုတ်လုပ်ထားပြီး ၁,၄၉၉ ယွမ် သတ်မှတ်ထားပါတယ်။

Buds 4 Pro

Buds 4 Pro ဟာ စွမ်းရည်မြင့် ကြိုးမဲ့ နားကြပ် ဖြစ်ပြီး 11mm Dynamic Driver , ANC နဲ့ Bluetooth 5.3 တွေ ပါပါတယ်။ နားကြပ် ၁ ခုစီမှာ မိုက်ကရိုဖုန်း ၃ လုံး တပ်ဆင်ထားပြီး အသံတွေ ဖမ်းယူရာမှာ ပိုကောင်းပါတယ်။ Device ၂ ခုနဲ့ တစ်ပြိုင်နက် ချိတ်ဆက်နိုင်ပြီး ဖိအားအာရုံခံနိုင်တဲ့ Stem ကနေ သီချင်းတွေကို ထိန်းချုပ်နိုင်ပါတယ်။ ANC ပိတ်ထားရင် ဘက်ထရီ သက်တမ်းက ၉ နာရီ ခံပြီး Charging Case နဲ့ဆိုရင် ၃၈ နာရီ ခံပါတယ်။ Case နဲ့ နားကြပ်တွေဟာ IP54 စံနှုန်း ရှိပါတယ်။

Xiaomi Watch S1 Pro and Buds 4 Pro released

Xiaomi Buds 4 Pro အတွက် အနက်နဲ့ ရွှေရောင် ထုတ်လုပ်ထားပြီး ၁,၀၉၉ ယွမ် သတ်မှတ်ထားပါတယ်။

Xiaomi Watch S1 Pro and Buds 4 Pro released

Ref : gsmarena