Unicode

Xiaomi ရဲ့ Mi Notebook Laptop တွေဟာ စွမ်းဆောင်ရည်ပိုင်းအရ တခြားသော နာမည်ကြီး Brand အများအပြားရဲ့ Ultrabook တွေကို ယှဥ်ပြိုင်နိုင်ပြီး စျေးနှုန်းအရလည်း သက်သာတဲ့အတွက် လူကြိုက်များတဲ့ Laptop တွေဖြစ်ပါတယ်။

ဒါပေမယ့် Xiaomi ကနေ Redmibook လိုမျိုး Laptop Series အသစ်တွေကိုပဲ ဆက်တိုက်မိတ်ဆက်နေခဲ့ပြီးတော့ Mi Notebook Series ကိုတော့ Specs ပိုင်း အဆင့်မြှင့်တင်တာကလွဲပြီး Design ပိုင်း ပြောင်းလဲမှုပြုလုပ်ခဲ့ခြင်းမရှိသေးပါဘူး။ အဲ့ဒီအတွက် လက်ရှိအကောင်းဆုံး Ultrabook တွေနဲ့ယှဥ်ရင် Mi Notebook တွေက Design ပိုင်းအားနည်းနေတယ်လို့တောင် ပြောလို့ရနေပြီဖြစ်ပါတယ်။

အခုအချိန်မှာတော့ စတင်မိတ်ဆက်တဲ့ ၂၀၁၆ ခုနှစ်ထဲက အခုအချိန်အထိ Design ပြောင်းလဲခြင်းမရှိသေးတဲ့ Mi Notebook ကို Xiaomi ကနေ Major Design ပြောင်းလဲမှုတွေနဲ့ အသစ်မိတ်ဆက်လာတော့မယ့်ပုံစံပါပဲ။ ဒါကလည်း Teaser ဓါတ်ပုံတစ်ပုံနဲ့ ဖော်ပြခဲ့တာဖြစ်ပါတယ်။

အဆိုပါ Teaser ပုံမှာတော့ Laptop ရဲ့ Display နဲ့ ဘေးဘောင် Bezel တွေကို အဓိက Highlight ပြုလုပ်ထားပြီးတော့ ဖြစ်နိုင်တာက တခြားသော ASUS ZenBook တွေနဲ့ Dell XPS 13 လို Laptop တွေအတိုင်း ဘေးဘောင်တွေကို ပိုပါးအောင် ဆောင်ရွက်လာမယ်လို့ ယူဆရပါတယ်။ 2020 ဆိုတဲ့ စာတန်းကိုလည်း ဖော်ပြခဲ့ပေမယ့် ဘယ်အချိန်မှာ ဒီ Mi Notebook အသစ်တွေကို မိတ်ဆက်လာမယ်ဆိုတာကိုတော့ ဖော်ပြခဲ့ခြင်းမရှိပါဘူး။

ဘာပဲဖြစ်ဖြစ် ဒီ Mi Notebook 2020 Model အသစ်တွေက Design ပိုင်းပိုပြီး လှလာမယ့်အပြင် Intel 10th Gen Processor တွေလည်းပါလာနိုင်တော့ Laptop အသစ်ကို စျေးသက်သက်သာသာနဲ့ဝယ်ယူမယ့်သူတွေအတွက် စိတ်ဝင်စားစရာဖြစ်လာနိုင်ပါတယ်။

Ref – Gizmo China

Zawgyi

Xiaomi ရဲ႕ Mi Notebook Laptop ေတြဟာ စြမ္းေဆာင္ရည္ပိုင္းအရ တျခားေသာ နာမည္ႀကီး Brand အမ်ားအျပားရဲ႕ Ultrabook ေတြကို ယွဥ္ၿပိဳင္ႏိုင္ၿပီး ေစ်းႏႈန္းအရလည္း သက္သာတဲ့အတြက္ လူႀကိဳက္မ်ားတဲ့ Laptop ေတြျဖစ္ပါတယ္။

ဒါေပမယ့္ Xiaomi ကေန Redmibook လိုမ်ိဳး Laptop Series အသစ္ေတြကိုပဲ ဆက္တိုက္မိတ္ဆက္ေနခဲ့ၿပီးေတာ့ Mi Notebook Series ကိုေတာ့ Specs ပိုင္း အဆင့္ျမႇင့္တင္တာကလြဲၿပီး Design ပိုင္း ေျပာင္းလဲမႈျပဳလုပ္ခဲ့ျခင္းမရွိေသးပါဘူး။ အဲ့ဒီအတြက္ လက္ရွိအေကာင္းဆုံး Ultrabook ေတြနဲ႔ယွဥ္ရင္ Mi Notebook ေတြက Design ပိုင္းအားနည္းေနတယ္လို႔ေတာင္ ေျပာလို႔ရေနၿပီျဖစ္ပါတယ္။

အခုအခ်ိန္မွာေတာ့ စတင္မိတ္ဆက္တဲ့ ၂၀၁၆ ခုႏွစ္ထဲက အခုအခ်ိန္အထိ Design ေျပာင္းလဲျခင္းမရွိေသးတဲ့ Mi Notebook ကို Xiaomi ကေန Major Design ေျပာင္းလဲမႈေတြနဲ႔ အသစ္မိတ္ဆက္လာေတာ့မယ့္ပုံစံပါပဲ။ ဒါကလည္း Teaser ဓါတ္ပုံတစ္ပုံနဲ႔ ေဖာ္ျပခဲ့တာျဖစ္ပါတယ္။

အဆိုပါ Teaser ပုံမွာေတာ့ Laptop ရဲ႕ Display နဲ႔ ေဘးေဘာင္ Bezel ေတြကို အဓိက Highlight ျပဳလုပ္ထားၿပီးေတာ့ ျဖစ္ႏိုင္တာက တျခားေသာ ASUS ZenBook ေတြနဲ႔ Dell XPS 13 လို Laptop ေတြအတိုင္း ေဘးေဘာင္ေတြကို ပိုပါးေအာင္ ေဆာင္႐ြက္လာမယ္လို႔ ယူဆရပါတယ္။ 2020 ဆိုတဲ့ စာတန္းကိုလည္း ေဖာ္ျပခဲ့ေပမယ့္ ဘယ္အခ်ိန္မွာ ဒီ Mi Notebook အသစ္ေတြကို မိတ္ဆက္လာမယ္ဆိုတာကိုေတာ့ ေဖာ္ျပခဲ့ျခင္းမရွိပါဘူး။

ဘာပဲျဖစ္ျဖစ္ ဒီ Mi Notebook 2020 Model အသစ္ေတြက Design ပိုင္းပိုၿပီး လွလာမယ့္အျပင္ Intel 10th Gen Processor ေတြလည္းပါလာႏိုင္ေတာ့ Laptop အသစ္ကို ေစ်းသက္သက္သာသာနဲ႔ဝယ္ယူမယ့္သူေတြအတြက္ စိတ္ဝင္စားစရာျဖစ္လာႏိုင္ပါတယ္။

Ref – Gizmo China