Xiaomi ဟာ ပြီးခဲ့တဲ့လတုန်းက Mi 10 Lite 5G ကို ဥရောပဈေးကွက်ထဲ ဖြန့်ချိခဲ့ပါတယ်။ အခုတော့ ကုမ္ပဏီအနေနဲ့ နောက်ထပ် မျိုးကွဲတစ်ခုကို ဖြန့်ချိဦးမယ်လို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အဲဒါကတော့ Mi 10 Youth ဖြစ်ပြီး တရုတ်ပြည်ဈေးကွက်ထဲမှာပဲ ဖြန့်ချိမယ်လို့ ဆိုပါတယ်။

လာမယ့် ဧပြီ ၂၇ ရက်နေ့မှာ Xiaomi ဟာ Mi 10 Youth တစ်မျိုးတည်းကို ပွဲထုတ်မှာမဟုတ်ပါဘူး။ MIUI 12 ကိုလည်း တစ်ပါတည်း ပွဲထုတ်သွားမှာ ဖြစ်ပါတယ်။ တရုတ်ဒေသစံတော်ချိန် 2PM မှာ Live Stream ပြုလုပ်သွားမှာဖြစ်ပြီး MIUI 12 နဲ့ပတ်သက်တဲ့ အသေးစိတ်အကြောင်းအရာတွေကို ရှင်းလင်းပြသမယ်လို့ သိရပါတယ်။

Mi 10 Youth ကို ပွဲထုတ်မယ့်ရက်က နီးကပ်နေပြီဆိုပေမယ့် ဒီဟန်းဆက်နဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ မသိရသေးပါဘူ။ ဒါပေမယ့် ပိုစတာမှာ ဖော်ပြထားတဲ့အချက်အလက်အရ Mi 10 Youth ဟာ အရောင်လေးမျိုး ထုတ်လုပ်ထားပြီး ကျောဘက်မှာ ကင်မရာလေးလုံး တပ်ဆင်ထားပါတယ်။ ပြီးတော့ 5G ကွန်ရက်နဲ့ ချိတ်ဆက်အသုံးပြုနိုင်မှာပါ။

စိတ်ဝင်စားဖို့ကောင်းတဲ့အချက်ကတော့ ကျောဘက်ကင်မရာလေးလုံးထဲမှာ 50x zoom နဲ့ Periscope module ပါဝင်နေတာပါပဲ။ ဒီတော့ Mi 10 Youth ဟာ နိုင်ငံတကာဈေးကွက်မှာ ဖြန့်ချိတဲ့ Mi 10 Lite နဲ့ အရည်အသွေးတူညီမှု ရှိမယ်လို့ ယူဆရပါတယ်။ 5G ချိတ်ဆက်နိုင်တာကြောင့် Snapdragon 765 SoC လောက်တော့ သုံးလာနိုင်မယ်လို့လည်း မျှော်လင့်ရပါတယ်။

Ref: GSM Arena