Xiaomi ကနေထုတ်လုပ်ထားတဲ့ Power Bank တွေဟာ အခုအချိန်မှာ အသုံးပြုသူအများအပြားရှိနေသလို အမျိုးအစားလည်း မျိုးစုံရွေးချယ်နိုင်နေပါပြီ။ ဒါပေမယ့် Wireless Power Bank အနေနဲ့ အမြင့်ဆုံး 20W နဲ့ 10W ကိုပဲ Support ပြုလုပ်နိုင်တဲ့ 10000mAh Power Bank ကိုပဲ ထုတ်လုပ်ထားတာဖြစ်ပါတယ်။

အခုအချိန်မှာတော့ Xiaomi ကနေ ပိုပြီး Battery များပြားသလို Wireless Charging Rate လည်း ပိုပြီးမြန်ဆန်လာမယ့် Wireless Power Bank အသစ်ကို မိတ်ဆက်လာတော့မှာပါ။ ဒီသတင်းက Promotional Poster ပေါက်ကြားလာတာကနေ သိရတာဖြစ်ပြီး Xiaomi ကနေ 30W Wireless Charging ကို Support လုပ်လာမယ့် 20000mAh Power Bank ကို လာမယ့် ဧပြီလ ၉ ရက်နေ့မှာ မိတ်ဆက်သွားတော့မှာပဲဖြစ်ပါတယ်။

ဒီလိုမျိုး Wireless Charging Rate နဲ့ Battery Capacity တင် မြင့်မားနေတာမဟုတ်ဘဲ အဆိုပါ Xiaomi Wireless Power Bank ဟာ Build Quality ပိုင်းမှာလည်း ထိပ်တန်းအဆင့်ရှိနေဦးမှာပါ။ ဘာကြောင့်လဲဆိုရင် Version အနေနဲ့ ပုံမှန် Leather Version အပြင် Ceramic Body နဲ့ပြုလုပ်ထားတဲ့ ပိုကောင်းတဲ့ Version ဆိုပြီး ၂ မျိုးထုတ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

ဒါပေမယ့်တစ်ခုရှိတာကတော့ 30W Wireless Charging Support က Xiaomi ကနေ ထုတ်လုပ်ထားတဲ့ Mi 10 Pro အတွက်ပဲ ရရှိမှာလား၊ တခြားသော စမတ်ဖုန်းတွေမှာပါ အသုံးပြုနိုင်မလားဆိုတာကိုတော့ မသိရှိရသေးပါဘူး။ USB-C အနေနဲ့ အားသွင်းမယ်ဆိုရင်တော့ 65W အထိ Support ပေးနိုင်တဲ့အတွက် Laptop တွေကိုပါ အားပြန်လည်သွင်းနိုင်မှာပါ။

စျေးနှုန်းတွေအနေနဲ့တော့ အဆိုပါ Xiaomi Wireless Power Bank Leather Version ကို 349 Yuan (မြန်မာငွေ ၇ သောင်းဝန်းကျင်) ၊ Ceramic Version ကိုတော့ 399 Yuan (မြန်မာငွေ ၈ သောင်းဝန်းကျင်) နဲ့ရောင်းချသွားမယ်လို့ သိရပါတယ်။

Ref – Gizmo China