Xiaomi ဟာ လျှပ်စစ်ကား နယ်ပယ်ထဲ ဝင်ရောက်ဖို့ ကြိုးစားနေပါတယ်။ ကုမ္ပဏီဟာ မကြာခင်က SU7, SU7 Pro နဲ့ SU7 Max ရဲ့ ဓါတ်ပုံတွေကို မျှဝေထားပါတယ်။ ဒါပေမယ့် စတူဒီယိုထဲမှာ ရိုက်ကူးထားတဲ့ ဓါတ်ပုံတွေ ဖြစ်ပြီး ဒီဇိုင်း အသေးစိတ်ကို လေ့လာလို့ မရပါဘူး။ အခုတော့ Xiaomi ကားကို လမ်းမပေါ်မှာ တွေ့လာရပြန်ပါတယ်။

အဲဒီကားကို ရိုက်ကူးထားတဲ့ ဗီဒီယိုဟာ ၆ စက္ကန့်ပဲ ကြာမြင့်ပြီး Xiaomi SU7 ဖြစ်ပါတယ်။ အဲဒီကားကို ကုမ္ပဏီက လမ်းမပေါ်မှာ စမ်းသပ်မောင်းနှင်နေတာဖြစ်နိုင်ပါတယ်။ ကားရဲ့ လိုင်စင် Plate မှာ SU7 ကို ထင်ထင်ရှားရှားမြင်ရပါတယ်။ ဒါပေမယ့် ဗီဒီယိုဟာ တိုတောင်းပြီး ကား အရှေ့ဘက် ဒီဇိုင်းကို မမြင်ရပါဘူး။

Xiaomi ရဲ့ လျှပ်စစ်ကား Series မှာ မော်ဒယ် ၃ မျိုးပါလာမှာ ဖြစ်ပြီး SU7, SU7 Pro နဲ့ SU7 Max တို့ ဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ် ပထမနှစ်ဝက်မှာ အဲဒီကားတွေကို အမြောက်အများ ထုတ်လုပ်ရောင်းချမှာ ဖြစ်ပါတယ်။

Xiaomi  ဟာ ကားဈေးနှုန်းကို ချိုသာအောင် ပြုလုပ်ပေးထားမှာ ဖြစ်ပြီး Single နဲ့ Dual Motor ၂ မျိုးစလုံးကို ဒေါ်လာ ၂၀,၀၀၀ ဝန်းကျင်နဲ့ ရောင်းချပေးမယ်လို့ သတင်းထွက်နေပါတယ်။ ဒါပေမယ့် ကုမ္ပဏီက ဈေးနှုန်း အသေးစိတ်ကို တရားဝင် မကြေညာသေးပါဘူး။

Ref : gizmochina