အခုလက်ရှိစမတ်ဖုန်းတွေအပါအဝင် Laptop တွေမှာပါ ပိုပြီးမြန်ဆန်တဲ့ Wi-Fi Standard အသစ်ဖြစ်တဲ့ Wi-Fi 6 ကို စတင်အသုံးပြုနေပြီဖြစ်ပါတယ်။ အဆိုပါ Wi-Fi 6 ကို အသုံးပြုနိုင်တဲ့ Router တွေဟာ လက်ရှိအချိန်မှာ စျေးကြီးနေသေးတယ်ဆိုပေမယ့် Xiaomi ကနေ ပထမဆုံး Wi-Fi 6 Router ကို စတင်ရောင်းချနေပြီလို့ သိရပါတယ်။
အဆိုပါ Xiaomi Wi-Fi 6 Router ဟာ Mi AIoT Router AX3600 လို့ နာမည်ပေးထားပြီးတော့ Wi-Fi 6 အပြင် Antenna ၇ ခုပါ ပါဝင်မှာဖြစ်ပါတယ်။ Wi-Fi 6 ကြောင့် ပုံမှန် Wi-Fi 5 နဲ့ယှဥ်မယ်ဆိုရင် Transmission Rate ၊ Signal Coverage နဲ့ Data Delay တွေက သိသိသာသာကို ပိုကောင်းမွန်လာမှာဖြစ်သလို Device အများအပြားကလည်း ချိတ်ဆက်နိုင်မယ်လို့ သိရပါတယ်။
Xiaomi AX3600 Router မှာပါဝင်တဲ့ Antenna ၇ ခုထဲက ၆ ခုဟာ 5GHz Antenna ၄ ခုနဲ့ 2.4GHz Antenna ၂ ခုဖြစ်တယ်လို့ သိရပါတယ်။ ကျန်ရှိတဲ့ Antenna တစ်ခုကတော့ AIoT Device တွေအတွက် သီးသန့် Antenna ဖြစ်ပြီးတော့ Signal ကို ဘောလုံးကွင်း ၂ ကွင်းစာအကွာအဝေးအထိ ပေးပို့နိုင်မှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
Specs တွေအရတော့ Xiaomi AIoT Router AX3600 ဟာ Qualcomm 4-core 64-bit A53 CPU + 2-core Network Acceleration Engine ကို အသုံးပြုထားသလို Enterprise-level Professional Chip IPQ8071A ကိုပါ ထည့်သွင်းပေးထားပါတယ်။ အဆိုပါ Chip ဟာ Network Traffic တွေကို သိသိသာသာကို ပိုကောင်းအောင် ကိုင်တွယ်နိုင်မယ်လို့လည်း သိရပါတယ်။
စျေးနှုန်းအနေနဲ့တေ့ာ အဆိုပါ Xiaomi AiOT Router AX3600 ကို တရုတ်ယွမ်ငွေ ၅၉၉ (မြန်မာငွေ ၁ သိန်း ၂ သောင်းဝန်းကျင်) ကျသင့်မှာဖြစ်ပါတယ်။
Ref – Giz China