ဒီတစ်ပတ်ထဲမှာ Xiaomi ရဲ့ သတင်းတွေ ရေပန်းစားနေပါတယ်။ ကုမ္ပဏီက Mi 11 Series ကို ဒီလ ၂၈ ရက်နေ့မှာ ကြေညာမယ်လို့ အတည်ပြုလိုက်ပြီးနောက်မှာ စိတ်ဝင်စားမှု ပိုမြင့်တက်လာခဲ့ပါတယ်။ Mi 11 ရဲ့ ဓါတ်ပုံနဲ့ သတင်းအချက်အလက်များစွာ အရင်က ပေါက်ကြားထွက်ပေါ်ခဲ့ဖူးပါတယ်။ အခုတော့ သားရေ မော်ဒယ်ကိုပါ ထုတ်လုပ်ရောင်းချမယ်လို့ သတင်း ပေါက်ကြားလာပါတယ်။

တရုတ်လူမှုကွန်ရက် ဝီဘိုကနေ ပေါက်ကြားလာတဲ့သတင်းအရ Mi 11 မှာ 12GB RAM နဲ့ 256GB Storage Version အတွက် အပြာရောင်၊ 8GB RAM နဲ့ 128GB Storage Version အတွက် ခရမ်းရောင်၊ 12GB RAM နဲ့ 256GB Storage Version အတွက် ခရမ်းရောင်၊ Special Edition အတွက် အဖြူရောင် ထုတ်လုပ်ထားမယ်လို့သိရပါတယ်။ အဲဒါတွေအပြင် သားရေ မော်ဒယ်ကိုလည်း ထုတ်လုပ်ရောင်းချမယ်လို့ သိရပါတယ်။ အဲဒီမော်ဒယ်ရဲ့ ဒီဇိုင်းကို မသိရသေးပေမယ့် Vegan သားရေနဲ့ ပြုလုပ်ထားမယ်လို့ ထင်ပါတယ်။

Xiaomi က မိတ်ဆက်ပွဲပြီးနောက်မှာ Mi 11 ကို ရောင်းချမှာ ဖြစ်ပြီး Pro Version ကို ဖေဖော်ဝါရီလကျမှ ရောင်းချနိုင်ပါတယ်။ Mi 11 နဲ့ Mi 11 Pro တို့ရဲ့ သတင်းပဲ ပေါက်ကြားလာသေးပြီး တခြား မော်ဒယ်တွေလည်း ထွက်လာနိုင်ပါတယ်။

Mi 11 နဲ့ Mi 11 Pro ၂ လုံးစလုံးမှာ Punch Hole ဆဲလ်ဖီး ကင်မရာ ဒီဇိုင်းပါလာမှာ ဖြစ်ပြီး Pro Version မှာ AMOLED Curved Display နဲ့ 120Hz Refresh Rate ထည့်သွင်းထားနိုင်ပါတယ်။ မကြာခင်က ပေါက်ကြားလာတဲ့ ဓါတ်ပုံအရ အရွယ်ကြီး Sensor ၂ လုံးနဲ့ အရွယ်သေး Sensor ၁ လုံး ပါလာနိုင်ပါတယ်။

Ref : gsmarena