Xiaomi ဟာ အခုအချိန်မှာ Wearable နဲ့ Smartwatch စျေးကွက်မှာ အောင်မြင်နေပြီလို့ပြောလို့ရပါတယ်။ Wearable စျေးကွက်မှာ Mi Band Series တွေက အောင်မြင်နေသလို Smartwatch အတွက်လည်း Amazfit Brand အပြင် Xiaomi Mi Watch လိုမျိုးပါ ထုတ်လုပ်ထားတာဖြစ်ပါတယ်။

အခုအချိန်မှာလည်း Xiaomi ကနေ Mibro Air နာမည်နဲ့ Smartwatch အသစ်ကို မိတ်ဆက်သွားဦးမယ်လို့ သိရပါတယ်။ အဆို Mibro Smartwatch ဟာ Xiaomi ရဲ့ ကုမ္ပဏီအခွဲဖြစ်တဲ့ Zhenshi ကနေ ထုတ်လုပ်တာဖြစ်ပေမယ့် Xiaomi နာမည်ကို အသုံးပြုလာတာလည်းဖြစ်ပါတယ်။

Mibro Air Smartwatch အသစ်ဟာ Design ပိုင်းအရတော့ Circular Display ကိုအသုံးပြုထားပြီးတော့ Mi Watch နဲ့ယှဥ်ရင် တော်တော်လေးကို ပိုပြီးလှပနေတာဖြစ်ပါတယ်။ Display Size အနေနဲ့ 1.28″ ရှိမှာဖြစ်ပြီး TFT Display Panel ကို အသုံးပြုထားတာဖြစ်ပါတယ်။ ဘေးဘက်မှာတော့ Dial တစ်ခုပဲ ပါဝင်တာကိုတွေ့ရပါတယ်။

လက်ရှိသိထားရတဲ့သတင်းတွေအရတော့ Watch Face တွေကို အများအပြားစိတ်ကြိုက်ရွေးချယ်နိုင်မယ့်အပြင် IP68 Dust & Water Resistant Rating လည်းပါဝင်မှာဖြစ်ပါတယ်။ Sport Mode တွေအနေနဲ့ ၁၂ မျိုးရွေးချယ်နိုင်မှာဖြစ်ပြီး Sleep Monitor လိုမျိုး Feature တွေလည်း ထည့်သွင်းထားမှာဖြစ်ပါတယ်။

Software ပိုင်းအနေနဲ့ကတော့ Custom OS နဲ့ထွက်ရှိလာတာဖြစ်ပြီး 200mAh Battery က ဆက်တိုက်အသုံးပြုချိန် ၁၀ ရက်နဲ့ Standby Mode မှာ ၂၅ ရက်အထိ အသုံးပြုနိုင်မယ်လို့ သိရပါတယ်။ စျေးနှုန်းနဲ့ တခြားအသေးစိတ်အချက်အလက်တွေကိုတော့ မသိရသေးပေမယ့် လာမယ့် နိုဝင်ဘာလ ၃၀ ရက်နေ့မှာ တရားဝင်မိတ်ဆက်ပြီး ရောင်းချသွားမှာဖြစ်ပါတယ်။

Ref – Gizmo China