Xiaomi က စွမ်းရည်သင့်  5G စမတ်ဖုန်း အသစ် ၁ လုံးကို ကြေညာတော့မယ့် အရိပ်အယောင်တွေ တွေ့နေရပါပြီ။ အဲဒီ စမတ်ဖုန်းရဲ့ မော်ဒယ်နံပါတ်က M2007J22C ဖြစ်ပြီး Redmi Note 10 ဖြစ်မယ်လို့ ထင်ကြေးပေးနေကြပါတယ်။

အဲဒီ ဖုန်းမှာ MediaTek Dimensity 820 SoC မောင်းနှင်ထားမယ်လို့ သတင်းထွက်နေပြီး Redmi Note 9 မှာ MediaTek ရဲ့ ဂိမ်း အသားပေး Helio G85 ထည့်သွင်းထားတာ ဖြစ်ပါတယ်။ Dimensity 820 Chipset ကို Redmi 10X 5G နဲ့ Redmi 10X Pro 5G မှာလည်း အသုံးပြုထားပါတယ်။ Redmi Note 10 မှာ 8GB RAM နဲ့ Android 10 OS ထောက်ပံ့ထားမယ်လို့ သိရပါတယ်။

MediaTek Dimensity 820 Chipset ဟာ စွမ်းရည်သင့်နဲ့ စွမ်းရည်သင့်ထက် နည်းနည်းပိုကောင်းတဲ့ စမတ်ဖုန်းတွေအတွက် ရည်ရွယ် ဖန်တီးထားတာ ဖြစ်ပြီး Xiaomi နဲ့ MediaTek တို့ ပူးပေါင်း ထုတ်လုပ်ထားတာပါ။ 7nm Process နဲ့ တည်ဆောက်ထားတာ ဖြစ်ပြီး Cortex A76 Core ၄ လုံးနဲ့ Cortex A55 Core ၄ လုံး ပါလာပါတယ်။

Redmi Note 10 နဲ့အတူ Pro မော်ဒယ်ကိုပါ ကြေညာနိုင်ပြီး မြင့်မားတဲ့ Refresh Rate , NFC Support တွေ ပါလာနိုင်ပါတယ်။ အဲဒီ ဖုန်းတွေရဲ့ သတင်းအချက်အလက် အများကြီးတော့ မထွက်လာသေးပါဘူး။ Redmi Note 10 Series ကို တရုတ်မှာ ယွမ် ၁,၀၀၀ လောက်နဲ့ ရောင်းနိုင်ပြီး မြန်မာငွေ ၂ သိန်းလောက်ပဲ ရှိနိုင်ပါတယ်။

Ref : gizmochina