ဈေးကွက် သုတေသန အဖွဲ့အစည်း Omdia က ၂၀၂၄ ခုနှစ်ရဲ့ ကမ္ဘာ့ စမတ်ဖုန်း ရောင်းအားကို မျှဝေလိုက်ပါတယ်။ ၂၀၂၄ ခုနှစ် ကွာတား ၄ မှာ ကမ္ဘာ့ စမတ်ဖုန်း ရောင်းအားဟာ အလုံးရေ ၃၂၈ သန်း ရှိပြီး ၂၀၂၃ ခုနှစ်ကထက် ၂.၈ ရာခိုင်နှုန်း တိုးတက်လာပါတယ်။
၂၀၂၄ ခုနှစ်တစ်နှစ်လုံးမှာ စမတ်ဖုန်း အလုံးရေ ၁.၂၂၃ ဘီလီယမ် ရောင်းချနိုင်ခဲ့ပြီး ၂၀၂၃ ခုနှစ်ရဲ့ ၁.၁၄၂ ဘီလီယမ်ထက် ၇.၁ ရာခိုင်နှုန်း ပိုများလာပါတယ်။
Xiaomi ဟာ ရောင်းအား တော်တော် တိုးတက်ခဲ့ပြီး ကမ္ဘာ့ ရောင်းအား အကောင်းဆုံး စမတ်ဖုန်း ကုမ္ပဏီ ၅ ခုထဲပါဝင်ခဲ့ပါတယ်။ Xiaomi ဟာ ၂၀၂၄ ခုနှစ်မှာ စမတ်ဖုန်း ၁၆၉ သန်း ရောင်းချနိုင်ခဲ့ပြီး ၂၀၂၃ ခုနှစ်ကထက် သန်း ၂၀ ပိုများခဲ့ပါတယ်။ ကွာတား ၄ မှာ ရောင်းချခဲ့တဲ့ Mi 15 Series နဲ့ Redmi K80 Series တွေကြောင့် Xiaomi ဟာ ရောင်းအားကောင်းတာဖြစ်ပါတယ်။
Apple ကတော့ ၂၀၂၄ ခုနှစ်မှာ ရောင်းအား အကောင်းဆုံး ဖြစ်ပေမယ့် ရောင်းအားဟာ အရင်နှစ်ကထက် ကျဆင်းသွားပါတယ်။ iPhone 16 Series ဟာ ကွာတား ၄ မှာ ၇၇.၁ သန်း ရောင်းချနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ၂၀၂၃ ခုနှစ် ကွာတား ၄ က ၇၈.၁ သန်းထက် နည်းပါးသွားပါတယ်။ ၂၀၂၄ ခုနှစ် တစ်နှစ်လုံးမှာ Apple ဟာ စမတ်ဖုန်း ၂၂၅ သန်း ရောင်းချနိုင်ခဲ့ပါတယ်။
Ref : Gizchina