Xiaomi ရဲ့ SU7 EV ဟာ လူကြိုက်များနေပြီး ပြီးခဲ့တဲ့ လအနည်းငယ်အတွင်းမှာ အစီးရေ ၁၀၀,၀၀၀ ကျော် ရောင်းချနိုင်ခဲ့ပါတယ်။ Xiaomi CEO Lei Jun က YU7 လို့ခေါ်တဲ့ ကားအသစ်ကို နောက်နှစ်မှာ ရောင်းချမယ်လို့ ပြောထားပါတယ်။

Xiaomi's upcoming YU7 SUV gets spied without camo

CEO က ဒီလ အစောပိုင်းမှာ အဲဒီကားရဲ့ တရားဝင် ဓါတ်ပုံတွေကို မျှဝေထားပေမယ့် ကားဒီဇိုင်းကို သေသေချာချာ မတွေ့ရပါဘူး။ အခုတော့ YU7 ကို တရုတ်က လမ်းတွေပေါ်မှာ တွေ့လာရပါတယ်။ ကား ပါကင်နဲ့ လမ်းတွေပေါ်မှာ အဲဒီကား ဒီဇိုင်းကို သေသေချာချာတွေ့မြင်လာရပါတယ်။

Xiaomi's upcoming YU7 SUV gets spied without camo

YU7 ကို တရုတ်မှာ ယွမ် ၃၀၀,၀၀၀ (ဒေါ်လာ ၄၁,၀၀၀) နဲ့ ယွမ် ၄၀၀,၀၀၀ (ဒေါ်လာ ၅၅,၀၀၀)ကြားမှာ ရောင်းချနိုင်ပါတယ်။ အဲဒီကားကို နောက်နှစ် ဇွန်လ သို့မဟုတ် ဇူလိုင်လမှာ တရားဝင် ရောင်းချနိုင်ပါတယ်။ စွမ်းရည်နိမ့်မော်ဒယ်မှာတောင် ကြီးမားတဲ့ ဘက်ထရီနဲ့ LiDAR ပါလာမယ်လို့ သတင်းထွက်နေပါတယ်။ Xiaomi YU7 ဟာ Tesla Model Y ကို တိုက်ရိုက် ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

YU7 ဟာ အရှည် ၁၉၆.၈ လက်မ၊ အကျယ် ၇၈.၆ လက်မနဲ့ အမြင့် ၆၃ လက်မ ရှိမှာ ဖြစ်ပါတယ်။ Dual-motor Version မှာ 508kW (691hp) ပါလာမှာ ဖြစ်ပြီး အမြန်နှုန်းက တစ်နာရီကို ၁၅၇ မိုင် ရှိမှာ ဖြစ်ပါတယ်။

Ref : arenaev