အမေရိကန် အခြေစိုက် AMC ရုပ်ရှင်ရုံ လုပ်ငန်းက Blockchain နယ်ပယ်ထဲကို စတင် ဝင်ရောက်လာပါပြီ။ ဒီလ အစောပိုင်းက AMC ဟာ ရုပ်ရှင်ရုံ လက်မှတ်ခတွေကို Cryptocurrency နဲ့ လက်ခံမယ်လို့ ကြေညာခဲ့ပြီး အခုတော့ Spider-Man ရုပ်ရှင် အသစ်အတွက် ကြိုတင်လက်မှတ် ဝယ်ယူသူတွေကို NFTs လက်ဆောင်ပေးနေပါပြီ။

AMC Ent. Warns Cash May Be Gone In January, Slams Warner Bros. – Deadline

AMC က Sony Pictures နဲ့ ပူးပေါင်းပြီး Spider-Man : No Way Home ရုပ်ရှင် လက်မှတ် ကြိုတင်ဝယ်ယူမယ့် လူတွေကို NFTs ၈၆,၀၀၀ လက်ဆောင်ပေးမယ်လို့ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကြေညာလိုက်ပါတယ်။ NFTs ဟာ ဒစ်ဂျစ်တယ် Collectible တွေ ဖြစ်ပြီး ဆီလီကွန် တောင်ကြား နည်းပညာ နယ်ပယ်နဲ့ နာမည်ကြီး Brand တွေအကြားမှာ လျှင်မြန်စွာ ရေပန်းစားလာကာ ဒေါ်လာ သန်းနဲ့ချီ ရောင်းချနေရပါတယ်။

AMC Stubs A-List Subscription Hikes Prices in Number of States - Variety

NFTs လက်ဆောင်ရယူဖို့ AMC ရဲ့ Website သို့မဟုတ် Mobile App ကနေ လက်မှတ် ဝယ်ယူရမှာ ဖြစ်ပြီး နိုဝင်ဘာလ ၂၉ ရက်နေ့မှာ လက်မှတ် စတင် ရောင်းချမှာ ဖြစ်ပါတယ်။ Spider-Man-Themed NFTs ဒီဇိုင်း ၁၀၀ ကျော်ကို Code တွေ အဖြစ် ဖန်တီးထားပြီး Wax Platform Blockchain Wallet ကနေ တောင်းယူနိုင်မှာပါ။ လက်ဆောင်ရသူတွေထံ Code တွေကို ဒီဇင်ဘာလ ၂၂ ရက်နေ့မှာ အီးမေး ပေးပို့မှာ ဖြစ်ပြီး ၂၀၂၂ ခုနှစ် မတ်လ ၁ ရက်နေ့ မတိုင်ခင်မှာ NFTs တွေကို ရယူနိုင်မှာ ဖြစ်ပါတယ်။

ရုပ်ရှင်ရုံ လုပ်ငန်း နယ်ပယ်ထဲမှာ Blockchain နဲ့ NFTs နယ်ပယ်ထဲ ဝင်ရောက်လာတာ AMC က အစောဆုံး ဖြစ်ပါတယ်။ Hollywood နယ်ပယ်ထဲမှာ NFTs တွေကို ရင်းနှီးမြှပ်နှံလာကြပြီ ဖြစ်တဲ့အတွက် ဆက်စပ်နေတဲ့ ရုပ်ရှင်ရုံ လုပ်ငန်းတွေကလည်း NFTs တွေကို စတင် မျက်စိကျလာပါပြီ။

Ref : gizmodo