Apple က ပြီးခဲ့တဲ့ လမှာ Eye Tracking Feature အပါအဝင် Accessibility Feature အသစ်တွေကို ကြေညာခဲ့ပါတယ်။ အခုတော့ Apple က iOS 18 နဲ့ iPadOS 18 မှာ Eye Tracking ကို ထည့်သွင်းပေးလိုက်ပါတယ်။

Eye Tracking က iPhone နဲ့ iPad ကို မျက်လုံးနဲ့ ထိန်းချုပ်နိုင်ပါတယ်။ ဒီ Feature ဟာ ကိုယ်လက်အင်္ဂါ မသန်စွမ်းသူတွေအတွက် ဖန်တီးထားတာ ဖြစ်ပေမယ့် သာမာန် လူတွေလည်း အသုံးပြုနိုင်ပါတယ်။ အဲဒီ Feature ကို အရှေ့ ကင်မရာကနေ Set Up လုပ်ရတာ ဖြစ်ပြီး စက္ကန့်ပိုင်းပဲ ကြာပါတယ်။ တခြား အပို ဟာ့ဒ်ဝဲတွေ မလိုအပ်ဘဲ အသုံးပြုနိုင်ပါတယ်။

You'll soon be able to control iPhone, iPad with your eyes, Apple says. Here's how - Hindustan Times

Eye Tracking ကို အသုံးပြုကာ User တွေဟာ iOS နဲ့ iPadOS App တွေမှာ Navigate လုပ်နိုင်ပြီး Physical Button တွေရဲ့ Function တွေကိုတောင် ထိန်းချုပ်နိုင်ပါတယ်။

iOS 18 ပါတဲ့ iPhone 12 နဲ့ နောက်ပိုင်းထုတ် ဖုန်းတွေဟာ Eye Tracking ကို Settings> Accessibility > Eye Tracking မှာ Activate လုပ်နိုင်ပါတယ်။ အဲဒါကို ဖွင့်ပြီးရင် Screen မှာ ပြထားတဲ့ Dot ကို မျက်လုံးနဲ့ လိုက်ကြည့်ရမှာပါ။ Set Up လုပ်တဲ့အချိန်ဟာ စက္ကန့်ပိုင်းပဲ ကြာမြင့်ပါတယ်။

Eye Tracking ဟာ မျက်လုံးကို အာရုံခံဖို့ Apple ရဲ့ On-device Machine LLMs ကို အသုံးပြုထားပါတယ်။ Apple က ဒေတာတွေကို ဖုန်းမှာပဲ သိမ်းထားတဲ့အတွက် စိတ်ပူစရာ မလိုဘူးလို့ ပြောပါတယ်။

Ref : gizmochina