Telegram ဟာ လက်ရှိအချိန်မှာ လူသုံးများလာတဲ့ Messaging Platform တစ်ခုဖြစ်လာပြီး Meta က ပိုင်ဆိုင်တဲ့ WhatsApp ထက်တောင် Feature ပိုင်းတွေ ပိုမိုထည့်သွင်းလာနိုင်ပြီဖြစ်ပါတယ်။ အထူးသဖြင့် Multiple Account Support ၊​ Channel တွေပြုလုပ်နိုင်တာက Telegram ရဲ့ အားသာချက်တွေလို့ ပြောနိုင်ပါတယ်။

အခုလည်း Telegram ကနေ အခုမှစပြီး အသုံးပြုသူတွေအတွက် ပိုပြီးလွယ်ကူစေဖို့ ပြောင်းလဲမှုတစ်ခုကို ကြေညာလိုက်ပါတယ်။ ဒါကတော့ Telegram Account ကို အခုမှ စပြီး Sign Up ပြုလုပ်မယ်ဆိုရင် SIM Card ရှိဖို့ မလိုအပ်တော့တာပဲဖြစ်ပါတယ်။ ဒါကြောင့် Sign Up ပြုလုပ်ဖို့ ပိုမိုလွယ်ကူသွားမှာဖြစ်ပေမယ့် တစ်ဖက်မှာတော့ Phone Number တစ်ခုခုကိုတော့ ထည့်သွင်းဖို့ လိုအပ်ဦးမယ်လို့ သိရပါတယ်။

အခုပြောင်းလဲမှုအပြင် Telegram ဟာ တခြားသော Feature အသစ်တွေကိုလည်း အများအပြားထည့်သွင်းပေးခဲ့ပါသေးတယ်။ ဒါတွေကတော့ Chat အသစ်တွေအတွက် Auto-delete Function ၊ Group တွေထဲမှာ Topic Function တွေကို ဖန်တီးနိုင်တာအပြင် Aggreesive Anti-spam Mode တွေပါဝင်မှာဖြစ်ပါတယ်။ နောက်ထပ်ထူးခြားတဲ့ Feature တစ်ခုကတော့ Username သို့မဟုတ် ဖုန်းနံပါတ်ရှိစရာမလိုဘဲ Account ကို Add နိုင်ဖို့အတွက် ယာယီ QR Code ကို ဖန်တီးနိုင်တာဖြစ်ပါတယ်။

အခုလိုမျိုး Feature အသစ်တွေအပြင် Emoji အသစ်တွေ၊ Premium Version အသုံးပြုသူတွေအတွက် Custom Emoji အသစ်တွေနဲ့ တခြားသော ပြောင်းလဲမှုတွေလည်း ပါဝင်မယ်လို့ သိရပါတယ်။ ဘာပဲဖြစ်ဖြစ် Telegram က လက်ရှိအချိန်မှာ Feature အစုံလင်ဆုံးသော Messaging Service တစ်ခုလို့ ပြောရင်တောင် မမှားတော့ပါဘူး။

Ref – Android Authority