Google Maps မှာ စာသားတွေအပြင် Emoji ကိုပါ အသုံးပြုလို့ရလာပါပြီ။ Google Maps အတွက် Update ကို မကြာခင်က ဖြန့်ချိပေးခဲ့ပြီး သင်နှစ်သက်တဲ့ တည်နေရာတွေကို Emoji တွေနဲ့ မှတ်သားထားနိုင်ပါပြီ။ အဲဒီအတွက် သင် မှတ်သားထားတဲ့ တည်နေရာတွေကို ရှာဖွေရတာ ပိုမို မြန်ဆန်လာပါတယ်။

အခုဆိုရင် သင့်အကြိုက် ပီဇာဆိုင်ကို ပီဇာ Emoji ၊ သင့်ရဲ့ Gym တည်နေရာအတွက် ဘတ်စကတ်ဘော ဘောလုံး Emoji နဲ့ မှတ်သားထားနိုင်ပါတယ်။ အဲဒီလို သတ်မှတ်ရတာ လွယ်ကူရိုးရှင်းပါတယ်။ App ထဲက Saved Tab ထဲသွားပြီး Create or Edit ကို နှိပ်ကာ Emoji တွေ ထည့်သွင်းနိုင်ပါတယ်။

ဒါပေမယ့် Google Maps ရဲ့ Default List တွေ ဖြစ်တဲ့ “Want to go” နဲ့ “Favorites” တို့မှာ Emoji တွေ ထည့်သွင်းလို့ မရပါဘူး။

Google Maps

Google က အသုံးပြုရတာ ပိုမိုကောင်းမွန်စေဖို့ အခု လုပ်ဆောင်ချက်ကို ထည့်သွင်းပေးထားတာ ဖြစ်ပါတယ်။ သမားရိုးကျ Map Pins တွေဟာ အလုပ်ဖြစ်ပေမယ့် Personality လိုအပ်နေပါတယ်။

Emoji တွေက တည်နေရာတွေကို ရှာဖွေရာမှာ ပိုမိုလွယ်ကူစေပါတယ်။ သင့်ရဲ့ မြေပုံဟာလည်း Emoji တွေနဲ့ လှပဆန်းသစ်စေမှာ ဖြစ်ပါတယ်။

Navigation Apps တွေမှာ မကြာခင် Personalization လုပ်ဆောင်ချက်တွေ ပါလာတော့မယ်လို့ ထင်ရပါတယ်။

Ref : gizmochina