Google Messages ဟာ အခုဆိုရင် Android ဖုန်းတွေအတော်များများအတွက် Default Messaging App တစ်ခုဖြစ်နေပါပြီ။ Google ရဲ့ Internet Messaging Service ဖြစ်တဲ့ RCS ဟာလည်း Google Messages မှာ ထောက်ပံ့ပေးနိုင်ပြီဖြစ်တဲ့အတွက် Android ဖုန်းသုံးတဲ့သူအချင်းချင်း Message ပေးပို့ရတာ ပိုမိုလွယ်ကူနေပါပြီ။

Google ဟာ အခုလိုမျိုး RCS Messaging Service ကို အသုံးပြုသူပိုမိုများပြားလာအောင် #GetTheMessage Campaign နဲ့ ကြော်ငြာနေပြီး Apple ကိုပါ RCS ကို ထောက်ပံ့ပေးလာအောင် တွန်းအားပေးနေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်သတ္တပါတ်တုန်းကလည်း iMessage ကနေ Reaction ပြုလုပ်မှုကို Emoji Reaction အနေနဲ့ ပြသနိုင်အောင် Google ကနေ Update ပြုလုပ်ပေးခဲ့ပါသေးတယ်။

အခုလည်း Google ဟာ Messages App မှာ နောက်ထပ် Feature တစ်ခုကို စမ်းသပ်နေပြီး Message တွေကို Reaction ပြုလုပ်တဲ့အချိန်မှာ သတ်မှတ်ထားတဲ့ Emoji တွေတင်မဟုတ်ဘဲ ကိုယ့် စိတ်ကြိုက် Emoji ကို ရွေးချယ်ပြီး Reaction ပေးနိုင်မှာပါဖြစ်ပါတယ်။ ဒါက Google Messages ကို တခြားသော Social Media နဲ့ Messaging App တွေနဲ့ယှဥ်ရင် အားသာချက်တစ်ခုဖြစ်လာမှာပါ။

လောလောဆယ်မှာ အခုလိုမျိုး စိတ်ကြိုက် Emoji ကို Reaction ပေးနိုင်တဲ့ Feature ဟာ Google Message Beta Version မှာ အသုံးပြုနိုင်ပြီလို့ သိရပြီး မကြာခင်မှာ ပုံမှန် Stable Update မှာ ထည့်သွင်းသွားဖွယ်ရှိနေပါတယ်။

ဘာပဲဖြစ်ဖြစ် Google Messages ဟာ Feature အသစ်တွေအများအပြားထည့်သွင်းပေးလာတာက အသုံးပြုသူတွေအတွက် ကောင်းတဲ့အချက်ဖြစ်ပေမယ့် တစ်ဖက်မှာတော့ Apple iMessage ကနေ ထောက်ပံ့ပေးနိုင်တဲ့ Feature တွေကိုတော့ လိုက်မှီဖို့လိုအပ်နေပါသေးတယ်။

Ref – GSM Arena