Microsoft ဟာ Windows အသုံးပြုသူတွေနဲ့ Android အသုံးပြုသူတွေကြား ချိတ်ဆက်မှုပိုမိုအားကောင်းလာစေဖို့နဲ့ လွယ်ကူလျှင်မြန်လာစေဖို့ ထောက်ပံ့ပေးနေခဲ့တာ ကြာပါပြီ။ အခုလည်း Windows နဲ့ Android ဖုန်းကြား ချိတ်ဆက်မှု ပိုပြီးလွယ်ကူစေတဲ့ “Your Phone” app ကို Update ထည့်ပေးလိုက်ပြန်ပါတယ်။

ဒီ Update ကို ပြီးခဲ့တဲ့ ဧပြီလကုန်ကတည်းက စမ်းသပ်နေတာဖြစ်ပြီး အခုတော့ အားလုံးသုံးနိုင်အောင် ထုတ်ပေးလိုက်တာပါ။ Your Phone app ရဲ့ Update မှာ Windows ကနေတစ်ဆင့် Android က Music ကို ထိန်းချုပ်ခိုင်းစေနိုင်မှာ ဖြစ်ပါတယ်။ ဒီ Update ကို လွန်ခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ်ကမှ ကြေညာခဲ့တာပါ။ အဆိုပါ Feature ဟာ အသုံးပြုသူတွေအနေနဲ့ သူတို့ရဲ့ Android ဖုန်းက Music တွေကို Windows 10 PC ကတစ်ဆင့် တိုက်ရိုက်ထိန်းချုပ်ခွင့်ပေးခဲ့တာ ဖြစ်ပါတယ်။

Spotity ကတော့ သူ့ရဲ့ Connect service မှာ ဒီလိုမျိုး Feature ကို ခွင့်ပြုပြီးသားဖြစ်တဲ့အတွက် လွယ်လွယ်ကူကူနဲ့ တွင်တွင်ကျယ်ကျယ် အသုံးပြုနိုင်ခဲ့ပါတယ်။ ဒါပေမယ့် Service ဟာ YouTube Music မှာတော့ အလားတူပုံစံမျိုး လုပ်နိုင်မှာ မဟုတ်ဘူးလို့ သိရပါတယ်။ ဒီလိုအပ်ချက်ကို Your Phone App က ဖြည့်စွက်ပေးနိုင်တာပဲ ဖြစ်ပါတယ်။

Your Phone App ကို ဖွင့်ပြီးအသုံးပြုတဲ့အခါ အခြေခံ ထိန်းချုပ်မှုတွေဖြစ်တဲ့ သီချင်းဖွင့်ခြင်း၊ ကျော်ခြင်း၊ ပြန်ရစ်ခြင်း၊ ရပ်နားခြင်း စတာတွေလုပ်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် Your Phone sidebar မှာ တေးသီချင်းရဲ့ အချက်အလက်တွေဖြစ်တဲ့ အဆိုတော်နာမည်၊ တေးရေးနာမည် အစရှိတဲ့ Album art တွေကိုလည်း မြင်တွေ့ရမှာ ဖြစ်ပါတယ်။

Your Phone ဟာ YouTube Music, Google Play Music, Spotify, Pandora, Amazon Music, Xiaomi Music နဲ့ Google Podcasts စတာတွေနဲ့လည်း အဆင်ပြေပြေ အလုပ်လုပ်ဆောင်နိုင်ကြောင်း သိရပါတယ်။ ဒီ Function ကို အသုံးပြုဖို့ဆိုရင်တော့ Windows PC ဟာ အနည်းဆုံး 1.20051.93.0 ဗားရှင်းဖြစ်ဖို့လိုအပ်သလို၊ Android ကလည်း 1.20052.113.0 ဖြစ်ဖို့ လိုအပ်ပါတယ်။

Ref: 9To5Google