YouTube ဟာ ဒီနှစ်ရဲ့ ဒုတိယနှစ်ဝက်ကစပြီး သူ့ရဲ့ပလက်ဖောင်းကို အဆင့်မြှင့်တင်မှုတွေဆက်တိုက်ဆိုသလို လုပ်နေတာကို တွေ့မြင်ရပါတယ်။ အထူးသဖြင့် Web နဲ့ Mobile နှစ်မျိုးစလုံးမှာ သုံးစွဲရတဲ့အတွေ့အကြုံတွေ ပိုပြီးကောင်းလာစေမဲ့ Feature update တွေကို ဆက်တိုက်ဆိုသလို ထုတ်ပေးနေတာလည်း ဖြစ်ပါတယ်။

အခုလည်း Desktop နဲ့ Mobile App နှစ်မျိုးစလုံးရဲ့ Homepage တွေမှာ Content သစ်တွေကို ပိုပြီးလွယ်လွယ်ကူကူနဲ့ရှာဖွေနိုင်မဲ့ Feature သစ်ကို ထုတ်ပေးနေပြီဖြစ်ကြောင်း ကြေညာလိုက်တာကို တွေ့ရပါတယ်။ ဒါကြောင့် စမတ်ဖုန်းပဲဖြစ်ဖြစ်၊ ကွန်ပျူတာပဲဖြစ်ဖြစ် ဘယ် Device ကိုပဲသုံးသုံး YouTube အကောင့်မှာ “New to you” ဆိုတဲ့ Feature သစ်တစ်ခုကို တွေ့မြင်လာရတော့မှာ ဖြစ်ပါတယ်။

အကယ်၍ အသုံးပြုသူဟာ မိုလ်ဘိုင်းဖုန်းကိုပဲ အများဆုံးသုံးစွဲကြည့်ရှုနေမယ်ဆိုရင် Pull to refresh လုပ်လိုက်ချိန်ဆိုရင် App ရဲ့ထိပ်မှာ “New to you” button ပေါ်ပေါက်လာတာကို တွေ့ရမှာ ဖြစ်ပါတယ်။ Feed ကို Scrolling လုပ်ပြီး ကြည့်နေချိန်မှာလည်း ဒီ Feature သစ်ကပေါ်လာပြီး YouTube မှာရှိတဲ့ အကြောင်းအရာသစ်နဲ့ပတ်သက်တဲ့ အကြံပြုချက်ကို ပေးလာပါလိမ့်မယ်။

ဒါပေမဲ့ ဒီ Feature က Personalized ဖြစ်တာကြောင့် အသုံးပြုသူအနေနဲ့ ဒါကိုမြင်တွေ့ရဖို့ Signed in ပြုလုပ်ထားဖို့ လိုအပ်ပါတယ်။ တစ်ခါတရံမှာလည်း ဒီလုပ်ဆောင်ချက်ကို မြင်တွေ့ရမှာမဟုတ်ပါဘူး။ Desktop ပေါ်မှာလည်း Home Page ကို Refresh လုပ်လိုက်တာနဲ့တစ်ပြိုင်နက် အလားတူ “New to you” button ပေါ်ပေါက်လာတာကို တွေ့မြင်ရပါလိမ့်မယ်။

“New to you” feature ကို Mobile, desktop နဲ့ TV devices တွေအားလုံးရဲ့ Homepage တွေအားလုံးမှာ တွေ့မြင်ရပြီဖြစ်ပါတယ်။ အကယ်၍ ဒီလုပ်ဆောင်ချက်ကိုမတွေ့ရသေးဘူးဆိုရင်တော့ ပိုပြီးကျယ်ကျယ်ပြန့်ပြန့်ဖြန့်ဝေမဲ့အချိန်ကိုရောက်ဖို့ နောက်ထပ်ရက်အနည်းငယ် စောင့်ဆိုင်းရဖွယ်ရှိပါတယ်။

Ref: Phone Arena