YouTube က content creator တွေ၊ အနုပညာရှင်တွေနဲ့ မီဒီယာကုမ္ပဏီတွေကို ၂၀၂၁ ခုနှစ်ကစပြီး အမေရိကန်ဒေါ်လာ ဘီလီယံ ၁၀၀ ကျော် ပေးချေခဲ့ပြီးဖြစ်တယ်လို့ ကြေညာခဲ့ပါတယ်။ အဲဒီပမာဏက မနှစ်က ဖော်ပြခဲ့တဲ့ ဒေါ်လာ ဘီလီယံ ၇၀ ကနေ တိုးတက်လာတာ ဖြစ်ပါတယ်။

YouTube's paid creators $100 billion in four years

အဲဒီအောင်မြင်မှု မှတ်တိုင်က YouTube ရဲ့ နှစ် ၂၀ ပြည့် အထိမ်းအမှတ်နဲ့ တိုက်ဆိုင်နေပြီး TV တွေကနေ ကြည့်ရှုမှုတွေ တိုးပွားလာတာနဲ့လည်း အတူ ဖြစ်ပေါ်လာတာပါ။ TV screen တွေကနေ ဝင်ငွေ ဒေါ်လာ ၁၀၀,၀၀၀ ကျော် ရရှိတဲ့ channel အရေအတွက်က တစ်နှစ်ထက်တစ်နှစ် ၄၅% တိုးလာခဲ့ပါတယ်။

YouTube Has Paid Creators Over $100 Billion Over the Past 4 Years

New York မှာ ကျင်းပခဲ့တဲ့ Made on YouTube ပွဲမှာ ကုမ္ပဏီက Shorts အတွက် AI tool အသစ်တွေကို မိတ်ဆက်ပြသခဲ့ပါတယ်။ အဲဒီထဲမှာ အလိုအလျောက် clip တည်းဖြတ်တာ၊ သီချင်းထည့်တာနဲ့ စကားပြောကို သီချင်းအဖြစ် ပြောင်းလဲပေးတဲ့ feature တွေ ပါဝင်ပါတယ်။

Training data အသုံးပြုမှုနဲ့ ပတ်သက်ပြီး creator တွေရဲ့ အရင်က စိုးရိမ်မှုတွေ ရှိခဲ့ပေမဲ့လည်း Google ရဲ့ Veo 3 AI video ဖန်တီးပေးတဲ့ tool ကိုလည်း အဲဒီ platform ထဲကို ထည့်သွင်းပေါင်းစပ်သွားမှာ ဖြစ်ပါတယ်။

Ref : Fossbytes