အွန်လိုင်းဗီဒီယိုပလက်ဖောင်းတွေထဲမှာ လူသိအများဆုံးဖြစ်တဲ့ YouTube ဟာ သူ့ရဲ့ပလက်ဖောင်းပေါ်က ဗီဒီယိုတွေရဲ့ Default Quality ကို SD သို့ ရက်ပေါင်း ၃၀ တိတိပြောင်းလဲထားရန်ကြေညာလိုက်ပါတယ်။ ဒါဟာ COVID-19 ဗိုင်းရပ်စ်ပိုးရဲ့ရန်ကြောင့် နိုင်ငံတော်တော်များများမှာ အိမ်တွင်းအောင်းကြမယ့်လူတွေအတွက် မလိုအပ်ဘဲ ဝန်ပိစေမယ့် အရေးအား ရှောင်ရှားနိုင်စေဖို့ဖြစ်ပါတယ်။

အခုချိန်မှာ ကိုရိုနာဗိုင်းရပ်စ်ပိုးဟာ ကမ္ဘာ့နိုင်ငံအားလုံးနီးပါးကို ပြန့်နှံ့သွားပြီးဖြစ်တာကြောင့် နိုင်ငံအသီးသီးဟာ လူစုလူဝေးတွေ မပြုလုပ်စေဘဲ အိမ်တွင်းအောင်းကာ ရောဂါပြန့်နှံ့မှုကို တိုက်ဖျက်နေရတာပါ။ ဒါ့ကြောင့် အိမ်တွင်းအောင်းနေရသူတွေဟာ Netflix, Amazon Prime, YouTube တို့လို အွန်လိုင်းပလက်ဖောင်းတွေမှာ ဗီဒီယိုတွေကို ဆက်တိုက်ကြည့်ရှုလျက်ရှိနေပါတယ်။

ဒါ့ကြောင့် ဥရောပသမဂ္ဂနဲ့ အခြားအစိုးရအဖွဲ့အစည်းတွေဟာ OTT ဝန်ဆောင်မှုကုမ္ပဏီများအား သူတို့ရဲ့ Stream Quality တွေကို SD သို့လျှော့ချပေးရန် တောင်းပန်ခဲ့ကြပါတယ်။ ဒီလို အွန်လိုင်းသုံးစွဲမှုကို လျှော့ချပေးခြင်းကြောင့် အခြား အရေးကြီးတဲ့ အင်တာနက်ဝန်ဆောင်မှုများဖြစ်တဲ့ ကျန်းမာရေး၊ ဘဏ်လုပ်ငန်း၊ စီးပွားရေးဝန်ဆောင်မှုနဲ့ ပညာရေးဆိုင်ရာ ဝက်ဆိုက်တွေကို မနှောင့်နှေးစေမှာဖြစ်ပါတယ်။

ဒါကို အရင်ဆုံးတုံ့ပြန်ခဲ့တာက Netflix ဖြစ်ပြီး ဥရောပဒေသအတွင်း သူတို့ရဲ့ဝန်ဆောင်မှုအတွက် Quality ကို SD သို့လျှော့ချပေးခဲ့ပါတယ်။ YouTube ကလည်း ဥရောပမှာ တပြိုင်တည်းလိုလို သူတို့ရဲ့ Video Playback Quality ကို SD သို့ လျှော့ချပေးခဲ့ပြီးသားပါ။ ဒါပေမယ့် ယနေ့မှာတော့ Google ကပိုင်ဆိုင်တဲ့ YouTube ကုမ္ပဏီဟာ ဒီလှုပ်ရှားမှုကို တစ်ကမ္ဘာလုံးသို့ ဖြန့်ကျက်လိုက်ပြီး လာမယ့်ရက် ၃၀ အတွင်း အားလုံးကို Default Quality အား SD သို့ ပြောင်းလဲထားမှာ ဖြစ်ပါတယ်။

သုံးစွဲသူတွေဟာ ပိုမိုကောင်းမွန်တဲ့ Resolution တွေကို Option ထဲကနေ ဝင်ရောက်ပြောင်းလဲကြည့်ရှုနိုင်ဦးမှာပါ။ တိုက်ရိုက်ဝင်ကြည့်တဲ့ Default Quality ကိုသာ ပြောင်းလဲတာဖြစ်ပြီး မဖြစ်မနေကြည့်ရမယ်လို့ သတ်မှတ်ထားတာတော့ မဟုတ်သေးပါဘူး။ ဒါပေမယ့် ဧပြီလ ၁၄ ရက်နေ့မှာ တရားဝင် Lockdown ပြုလုပ်မှုကို ရပ်တန့်မယ့် အိန္ဒိယနိုင်ငံကိုတော့ အဆိုပါနေ့မှာပဲ YouTube က မူလအတိုင်း ပြန်လည်ပြောင်းပေးမှာဖြစ်ပါတယ်။

Ref – GizmoChina