COVID-19 ဗိုင်းရပ်စ်ဟာ လက်ရှိအချိန်မှာ တကမ္ဘာလုံးမှာဖြစ်ပွားနေပြီဖြစ်သလို လူအများစုက အိမ်မှာပဲနေရတဲ့အတွက် Internet နဲ့ သက်ဆိုင်တဲ့လုပ်ငန်းတွေမှာလည်း ယခင်ကထက် ပိုပြီး တာဝန်ပိလာတာဖြစ်ပါတယ်။

အဲ့ဒီအတွက် Streaming Website တွေဖြစ်တဲ့ YouTube နဲ့ Netflix တို့ကလည်း Default Streaming Video Quality ကို နှိမ့်ချခဲ့ပါတယ်။ အခုလည်း YouTube ကနေ India နိုင်ငံအတွက် YouTube Android App မှာ အမြင့်ဆုံး Streaming Quality အနေနဲ့ 480p ကိုပဲကြည့်ရှုနိုင်တော့မယ်လို့ ကြေညာခဲ့ပါတယ်။

ဒီလိုမျိုးလျော့ချလိုက်တာက ယခင်တုန်းက Default Streaming Quality ကို လျော့လိုက်တာနဲ့ မတူညီဘဲ လုံးဝ Android App ကနေ ကြည့်မယ်ဆိုရင် 480p ထက်ပိုပြီး ကြည့်ရှုနိုင်မှာမဟုတ်တော့ပါဘူး။ အဲ့ဒီအတွက် တင်ထားတဲ့ Video က Full HD သို့မဟုတ် 4K Video ဖြစ်နေရင်တောင် 480p ကိုပဲ Limit လုပ်ခံထားရမှာဖြစ်ပါတယ်။

အခုလိုမျိုး Limit လုပ်ခံထားရတာက Android App အတွက်ပဲလောလောဆယ်ဖြစ်နေပြီးတော့ Desktop Web Version မှာတော့ ပုံမှန်အတိုင်းအသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့်နောက်ပိုင်းမှာတော့ ပြောင်းလဲသွားနိုင်ပါတယ်။

အခုအချိန်ဟာ India တစ်နိုင်ငံလုံးကို ၂၁ ရက်ကြာ Lockdown ပြုလုပ်ထားတဲ့အချိန်ဖြစ်သလို တခြားသော စမတ်ဖုန်းထုတ်လုပ်သူတွေအနေနဲ့လည်း ဖုန်းအသစ်မိတ်ဆက်၊ ရောင်းချမယ့်အချိန်တွေကို ရွေ့ဆိုင်းထားတယ်လို့ သိရပါတယ်။

Ref – XDA-Developers