ဗီဒီယိုကြည့်ရင် အရှေ့ကိုအမြန်ကျော်သွားချင်တာပဲဖြစ်ဖြစ်၊ အနောက်ကို အမြန်ပြန်ရစ်ချင်တာပဲဖြစ်ဖြစ် ပြုလုပ်လေ့ရှိသူတွေအနေနဲ့ YouTube မှာလည်း စိတ်တိုင်းကျပြုလုပ်နိုင်တော့မှာ ဖြစ်ပါတယ်။ အကြောင်းက မိုလ်ဘိုင်းတွေမှာ YouTube ဟာ Drag and hold gesture ရရှိလာတဲ့အတွက် ဖြစ်ပါတယ်။

Video player ရဲ့ ဘယ်ဘက်၊ ဒါမှမဟုတ် ညာဘက်ကို Tap လုပ်လိုက်ရင် ၁၀ စက္ကန့်၊ စက္ကန့် ၂၀ စသည်ဖြင့် ရှေ့ကိုတိုးသွားတာ၊ ဒါမှမဟုတ် နောက်ကိုပြန်ရစ်တာမျိုးက အစောပိုင်းကတည်းက ပြုလုပ်နိုင်ပြီးသား ဖြစ်ပါတယ်။ ဒါပေမဲ့ Gesture သစ်ကတော့ YouTube player ရဲ့ ဘယ်အစိတ်အပိုင်းကိုမဆို Drag and hold လုပ်ပြီး စိတ်တိုင်းကျ ရှေ့ကိုကျော်တာ၊ နောက်ကိုပြန်သွားတာမျိုး ပြုလုပ်နိုင်တာပါ။

Drag and hold gesture သစ်ကို လက်ရှိ အသုံးပြုလို့ရတယ်ဆိုပေမဲ့ ဒါဟာ Server-side update ဒါမှမဟုတ် UI test အစိတ်အပိုင်းပဲ ရှိသေးတယ်လို့ ယူဆရတာကြောင့် အကန့်အသတ်တစ်ခုအောက်မှာပဲ ရလာဖွယ်ရှိပါတယ်။ Android အတော်များများမှာ ဒီ Gesture ကို အသုံးပြုနိုင်တာတွေ့ရသလို iOS မှာလည်း သုံးနိုင်တယ်လို့ Reddit က ပြောထားပါတယ်။

မူရင်းဆောင်းပါးမှာ ရေးသားထားတာကတော့ YouTube beta v16.31.34 ကိုအဆင့်မြှင့်တင်ကတည်းက ဒီ Gesture သစ်ကို မြင်တွေ့ရတယ်လို့ ဖော်ပြထားပါတယ်။ လက်ရှိမှာတော့ YouTube for android v16.30.34 ဆိုရင်တောင် စမ်းသပ်သုံးစွဲနေနိုင်တာ ဖြစ်ပါတယ်။ အကယ်၍ ဒီ Drag and hold gesture သစ်ကိုအသုံးပြုလို့မရသေးဘူးဆိုရင်တော့ YouTube ကို Update လုပ်ကြည့်သင့်ပါတယ်။

Ref: 9To5Google