AI နဲ့ ဖန်တီးထားတဲ့ ရုပ်ရှင် Trailer အတုတွေတင်နေတဲ့ အဓိက Channel နှစ်ခုကို YouTube က ပိတ်သိမ်းလိုက်ပြီး ဒါဟာ AI spam တွေကို တိုက်ဖျက်ရာမှာ သိသာထင်ရှားတဲ့ လုပ်ဆောင်ချက်တစ်ခု ဖြစ်ပါတယ်။
အဲဒီ Channel တွေကတော့ India နိုင်ငံက Screen Culture နဲ့ US က KH Studio တို့ဖြစ်ကြပြီး သူတို့နှစ်ခုပေါင်းမှာ subscriber ၂ သန်းကျော်နဲ့ ဝင်ရောက်ကြည့်ရှုမှု (view) ၁ ဘီလီယံကျော် ရှိခဲ့ပါတယ်။

Deadline ရဲ့ ဖော်ပြချက်အရ သူတို့ဟာ ကြည့်ရှုသူတွေကို ထင်ယောင်ထင်မှား ဖြစ်စေဖို့နဲ့ engagement ရယူဖို့အတွက် မူပိုင်ခွင့်ရှိတဲ့ ရုပ်ရှင်အပိုင်းအစ အစစ်တွေနဲ့ AI clip တွေကို ရောနှော အသုံးပြုခဲ့ကြတယ်လို့ ဆိုပါတယ်။
အစောပိုင်းမှာ YouTube က သူတို့ကို ငွေကြေးရယူခွင့် ပိတ်ပင်ထားခဲ့ပေမယ့် “fan trailer” ဆိုတဲ့ သတိပေးစာသား (disclaimer) တွေကို ဖြုတ်လိုက်ပြီးနောက်မှာတော့ အပြီးတိုင် ပိတ်သိမ်းလိုက်တာ ဖြစ်ပါတယ်။
Ref : Fossbytes