YouTube က Live Streamer တွေအတွက် အသုံးဝင်တဲ့ လုပ်ဆောင်ချက် အသစ် ၁ ခုကို ကြေညာလိုက်ပါတယ်။ Live Q&A လို့ အမည်ပေးထားပြီး Stream တွေက Live Chat နဲ့ တူညီတဲ့ စနစ်ကို အသုံးပြုထားပေမယ့် Live Stream တွေ ပိုမို ထိရောက်စေမယ့် မတူညီတဲ့ စည်းကမ်းတွေ ထည့်သွင်းထားပါတယ်။

YouTube Just Made Live Q&A Sessions Much Easier to Manage | PCMag

Q&A Session ကို Live Control Room အသုံးပြုကာ Live Stream မှာ အသုံးပြုနိုင်ပါတယ်။ Live Q&A လုပ်ဆောင်ချက်ဘေးမှာ Live Polls လုပ်ဆောင်ချက်လည်း ထားရှိပေးထားပါတယ်။ Chat Section နဲ့ တူညီတဲ့ စနစ်ကို အသုံးပြုထားတဲ့အတွက် စကားလုံးတွေကို Ban တာနဲ့ တချို့ မေးခွန်းတွေကို Report လုပ်တာတွေ ပြုလုပ်နိုင်ပါတယ်။

YouTube to introduce new “Live Q&A” feature - 103FM: First, Finest, Forever

Moderator တွေက Live Q&A ကို ထိန်းချုပ်လို့ မရပေမယ့် Manager နဲ့ Editor Channel တွေက Q&A Session ကို ထိန်းချုပ်နိုင်ပါတယ်။ သူတို့ဟာ Question List ကို စီမံခန့်ခွဲနိုင်သလို ဖြေဆိုမယ့် မေးခွန်းတွေကို ရွေးချယ်နိုင်ပါတယ်။

မေးခွန်းအားလုံးကို အစဉ်လိုက်ပြသပေးမှာ ဖြစ်ပြီး မေးခွန်း ၂၀၀ ပြည့်ပြီးနောက်မှာ ရှေ့အကျဆုံး မေးခွန်းတွေကို ဖျက်ပစ်မှာပါ။ User ၁ ယောက်က ၁ မိနစ်အတွင်း မေးခွန်း ၁ ခုပဲ မေးနိုင်ပါတယ်။

Live Q&A နဲ့ Polls ဟာ မိုဘိုင်းမှာ အလုပ်မလုပ်သလို Q&A Session က အသေးစိတ် သတင်းအချက်အလက်တွေကို YouTube Analytics မှာ မသိမ်းထားပါဘူး။

Ref : gsmarena